ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကမ္ဘာ့ဖလားအဖွင့်ပွဲကစားပြီးတဲ့အသင်းတွေကို ၁ ကနေ ၄၈ အဆင့်သတ်မှတ်ဆန်းစစ်ခြင်း
- ရေးသားသူ, ဘီဘီစီ အားကစားသတင်းထောက်များ
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၈
အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားအဖွင့်ပွဲကို ထူးထူးခြားခြားနိုင်ပွဲနဲ့ စတင်ခဲ့တာပါ။ ဒါပေမဲ့ ဒီလို အဖွင့်ပွဲကို အကောင်းဆုံးကစားခဲ့တာ အာဂျင်တီးနားအသင်းတစ်သင်းတည်းမဟုတ်ဘူးလို့ ဘီဘီစီ အားကစားကျွမ်းကျင်သူတွေက ပြောပါတယ်။
ကမ္ဘာ့ဖလား ပြိုင်ခဲ့ကြတဲ့ နိုင်ငံအသင်းတွေရဲ့အဖွင့်ပွဲတွေကို မပြတ်စောင့်ကြည့်ခဲ့ကြတဲ့ ဘီဘီစီ အားကစားသတင်းထောက်တွေထဲက အချို့ကို စုစည်းပြီး အသင်းတွေအပေါ် သူတို့ အမြင်ကို မေးကြည့်ခဲ့ပါတယ်။
သူတို့က အဖွင့်ပွဲကစားခဲ့ကြတဲ့ ၄၈ သင်းတွေထဲက စွမ်းဆောင်ရည်အကောင်းဆုံးအသင်းတွေကို ၁ ကနေ ၄၈ အထိ အဆင့်သတ်မှတ်ပေးထားပါတယ်။
သူတို့ သုံးသပ်ပေးထားတဲ့အဆင့်တွေက ဘီဘီစီ ပရိသတ်တွေနဲ့အမြင်နဲ့ တစ်ထပ်တည်း ကျ မကျ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
၁ -၁၀
၁ - ပြင်သစ်
အုပ်စု အိုင် - ဆီနီဂေါကို ၃ - ၁ နဲ့နိုင်
ကမ္ဘာ့ဖလားမပြိုင်ခင်ကတည်းက လူပြောများနေတဲ့ပြင်သစ်အသင်းဟာ ပွဲကစားချိန် ဒုတိယပိုင်းမှာလည်း အကောင်းဆုံးကစားပြသွားခဲ့ပါတယ်။ ကစားသမားတွေဟာ လူမှန်နေရာမှန် အခုိင်မာဆုံးကစားခဲ့ပါတယ်။ အကောင်းဆုံးအသင်းဆိုတဲ့ခေါင်းစဉ်နဲ့ ထိုက်တန်ပါတယ်။
၂ - အင်္ဂလန်
အုပ်စု အယ်လ် - ခရိုအေးရှားကို ၄ -၂ နဲ့နိုင်
လေးဂိုးအထိသွင်းယူခဲ့ပါတယ်။ ဒီထက်ပိုသွင်းနိုင်ဖို့လည်း အခွင့်အရေးများခဲ့ပါတယ်။ အသင်းခေါင်းဆောင် ဟယ်ရီကိန်း ဦးဆောင်မှုတဲ့ အကောင်းဆုံးတိုက်စစ်ကစားခဲ့ပါတယ်။ ဒါပေမဲ့ နောက်တန်းမှာ အနည်းငယ်အားနည်းတယ်လို့ ယူဆရပါတယ်။
၃ - အာဂျင်တီးနား
အုပ်စု ဂျီ၊ အယ်လ်ဂျီးရီးယားကို ၃ - ၀ နဲ့နိုင်
အာဂျင်တီးနားဟာ တစ်သင်းလုံး လီယွန်နယ်မက်ဆီကို ချစ်ကြပါတယ်။ တစ်သင်းလုံးဟာ သူ ပါဝင်ကစားတာ၊ သူ့ ဉာဏ်ကြီးပုံကြောင့်လည်း ပိုထင်းခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ဒီလောက်ဆို အာဂျင်တီးနားအတွက် လုံလောက်ပါပြီ။
၄- ဂျာမနီ
အုပ်စု အီး၊ ချူရာဆောင်းကို ၇ -၁ နဲ့နိုင်
အဖွင့်ပွဲစဉ်မှာ ၇ ဂိုးအထိ သွင်းခဲ့တဲ့ ဘယ်အသင်းကိုမဆို မေ့ထားလို့ မရပါဘူး။ တစ်ဖက်အသင်းက အရည်အသွေးပိုင်းကို ထည့်တွက်ရတာမျိုး ရှိနေပေမဲ့ပေါ့လေ။
၅- အမေရိကန်
အုပ်စု ဒီ - ပါရာဂွေးကို ၄ -၁ နဲ့နိုင်
ထိပ်သီး ၅ သင်းထဲ ပါလာတာကတော့ အံ့သြစရာပါ။ အိမ်ကွင်းမှာ ပရိသတ်ရဲ့ အုတ်အုတ်ကျက်ကျက်အားပေးသံအောက်မှာ ပါရာဂွေးကို လှလှပပ ကစားပြခဲ့ကြတာပါ။
၆ - နော်ဝေ
အုပ်စု အိုင်၊ အီရန် ကို ၄ - ၁ နဲ့နိုင်
အားလင်း ဟာလန်းကို ဝန်းရံဖို့ အားဖြည့် တည်ဆောက်ထားတဲ့ နော်ဝေ အသင်းဟာ သူ့ အားသာချက်တွေအပေါ်မှာ တည်ထားပါတယ်။
၇ - ကိုလံဘီယာ
အုပ်စု ကေ၊ အူဘက်ကစ္စတန်ကို ၃ - ၁ နဲ့နိုင်
အားပြင်းပြီး မြန်မြန်ဆန်ဆန်နဲ့ ကစားသူကို ပြပါဆိုရင် ငွေကြယ်မှုန်လို လက်နေတဲ့ လူဝီ ဒီယာ့ဇ်ကို ပဲ ပြရမယ်ထင်ပါတယ်။ သူက ကိုယ်တိုင်လည်း တစ်ဂိုးသွင်း၊ အသင်းဖော်လည်း ဂိုးသွင်းနုိင်အောင် ဘောလုံးပေးခဲ့သူပါ။ ကိုလံဘီယာဟာ နောက်ထပ်အသင်းတွေကို ရင်ကွဲအောင်လုပ်ဦးမယ်လို့ ထင်ရပါတယ်။
၈- မော်ရိုကို
အုပ်စု စီ၊ ဘရာဇီးနဲ့ ၁ ဂိုးသရေကျ
ပွဲကစားချိန် ပထမပိုင်း မိနစ် ၂၀ လောက်ကတော့ ဘရာဇီးကို ဖိကစားနေခဲ့တဲ့ပုံပါ။ ဒါပေမဲ့ ဒုတိယပိုင်း ကစားချိန်မှာတော့ သရေနဲ့ပဲ ပွဲပြီးမယ်လို့ မြင်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း မော်ရိုကိုမှာ နောက်ပွဲတွေအတွက် အင်အားတွေ ကျန်နေပါသေးတယ်။
၉- ဘရာဇီး
အုပ်စု စီ၊ မော်ရိုကိုနဲ့ ၁ ဂိုးသရေကျ
တုန်တုန်ရီရီနဲ့စတင်တဲ့ပွဲအစကြောင့် ဒါဟာ အရင်က ဘရာဇီး ဟုတ်ပါ့မလားတောင် မေးခွန်းတွေ ခေါင်းထဲ ကျန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဘရာဇီးကစားသမားတွေဟာ လွယ်လွယ်အရှုံးမပေးဘူးဆိုတာကို ပြသခဲ့တဲ့ပုံပါပဲ။
၁၀ - ဆွီဒင်
အုပ်စု - အက်ဖ်၊ တူနီးရှားကို ၅- ၁ နဲ့ နိုင်
ပရီးမီးယားလိဂ်မှာ ခြေစွမ်းအပြဆုံး တိုက်စစ်မှူး ၂ ယောက်နဲ့ ဂိုးသွင်းနိုင်တဲ့ ကွင်းလယ်ကစား သမားရှိနေမှတော့ ၅ - ၁ နဲ့နိုင်သွားတာ မဆန်းလှပါဘူး။
၁၁ - ၂၀
၁၁ - သြစတြေးလျ
အုပ်စု ဒီ၊ တူရကီကို ၂ -၀ နဲ့ နိုင်
အင်နဲ့အားနဲ့ ကစားခဲ့တဲ့ သြစတေးလျဟာ ပွဲမတိုင်ခင်တုန်းက အနိုင်ရမယ်လို့ ခန့်မှန်းထားတဲ့ တူရကီအသင်းကို ဂိုးပြတ်နဲ့နိုင်ခဲ့တာဖြစ်ပါတယ်။
၁၂ - စပိန်
အုပ်စု အိတ်ချ်၊ ကိပ် ဗာဒီနဲ့ ၀-၀ သရေကျ
လက်ရှိအထိတော့ ကမ္ဘာ့ဖလားပွဲမှာ အံ့သြအသင့်ရဆုံးပွဲ ကျွန်းနိုင်ငံအသင်းငယ်လေးဆိုလည်း မမှားပါဘူး။ ဒါပေမဲ့ သူတို့ပွဲအတွက် နိုင်နိုင်စွမ်းရှိတယ်ဆိုတာကို ပြသထားပြီးဖြစ်တာမို့။ အဆင့်တက်မယ့်အသင်းလို့ မြင်ရပါတယ်။
၁၃ -နယ်သာလန်
အုပ်စု အက်ဖ်၊ ဂျပန်နဲ့ ၂ ဂိုးသရေကျ
နယ်သာလန်ဟာ ဂျပန်နဲ့ပွဲမှာ ပြတ်ပြတ်သားသားအနိုင် ကစားပြခဲ့သင့်တာပါ။ ခံစစ်အပိုင်း လစ်ဟာချက်သာမရှိရင် အခုဆို နယ်သာလန်ဟာ အမှတ်တွေ ဒီထက်ပိုရနေမှာ သေချာပါတယ်။
၁၄ - မက္ကဆီကို
အုပ်စု အေ၊ တောင်အာဖရိကကို ၂- ၀ နဲ့နိုင်
ကစားအားနည်းခဲ့တဲ့တောင်အာဖရိကကို အပေါ်စီးကနေ ကစားခဲ့ပုံပေါ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဆီဇာ မွန်တေ အနီကတ်ပြခံရတာကတော့ တစ်ပိုင်းပေါ့လေ။
၁၅- ဂျပန်
အုပ်စု အက်ဖ်၊ နယ်သာလန်ကို ၂-၂ နဲ့သရေကျ
ရှုံးဟန်ပြချိန်မှာ ဇွဲကြီးကြီးနဲ့ ကစားခဲ့တဲ့ပွဲလို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့ မထင်ထားတဲ့အသင်းကနေ သရေကစားထားပြီးဖြစ်လို့ ဂျပန်ဟာ နောက်ပွဲတွေအတွက် ဆက်ပြီး ပြင်ဆင်ထားမှာကတော့ သေချာပါတယ်။
၁၆ - စကော်တလန်
အုပ်စု စီ၊ ဟေတီကို ၁ - ၀ နဲ့နိုင်
ရလဒ်ကောင်းဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းမှာတော့ အားနည်းပါတယ်။ ဒါပေမဲ့ ဒါကလည်း အသင်းအပေါ် ၂၈ နှစ်ကြာ ကြုံလာရတဲ့ဖိအားကြောင့် ဖြစ်နိုင်ပါတယ်။
၁၇ - ကိပ် ဗာဒီ
အုပ်စု အိတ်ချ်၊ စပိန်နဲ့ ၀ -၀ သရေကျ
ကမ္ဘာ့ဖလားမှာ အခုဆို လူတိုင်းမျက်စိကျနေတဲ့ ဒုတိယမြောက်အသင်းဖြစ်ပါတယ်။ ဒီလို လူကြိုက်များရတဲ့အကြောင်းရင်းကတော့ စပိန်ရဲ့သွင်းဂိုးတွေကို အကြိမ်ကြိမ် ကာဆီးခဲ့တဲ့ ဂိုးသမား ဗိုဇင်ညာရဲ့ ဂိုးဖမ်းနိုင်စွမ်းကြောင့်ဆိုရင် ပိုမှန်ပါတယ်။
၁၈ - ဘယ်လ်ဂျီယံ
အုပ်စု ဂျီ၊ အီဂျစ်နဲ့ ၁ -၁ သရေကျ
သိပ်ကို ခိုင်မာအားကောင်းတဲ့ အီဂျစ်အသင်းကို ဟာ သူ့ဂိုးပေါက်ကို သူပြန်သွင်းခဲ့သာ သရေကျခဲ့တာလို့ ဆိုနိုင်ပါတယ်။ ဂိုးသွင်းဖို့ အခွင့်လမ်းကောင်းတွေဖန်တီးခဲ့တာမြင်ခဲ့ရပါတယ်။ ဘယ်လ်ဂျီယံအတွက် ရင်ဆိုင်ဖို့ ပိုခက်မယ့်အသင်းက အုပ်စုထဲမှာ သူတို့ကို စောင့်နေပါပြီ။
၁၉ - အီဂျစ်
အုပ်စု ဂျီ၊ ဘယ်လ်ဂျီယံနဲ့ ၁ -၁ သရေကျ
အီဂျစ်ဟာ သူတို့ရဲ့ ပထမဆုံးကမ္ဘာ့ဖလားအဖွင့်ပွဲကို အနိုင်ရဖို့ မျှော်မှန်းခဲ့တာပါ။ ကစားသမား အီမန် အက်ရှ်အာ တစ်ယောက် ဂိုးသွင်းဖို့တော့ ကြိုးစားခဲ့ပါရဲ့။ ဒါပေမဲ့ ပြိုင်ဘက်အသင်း ဘယ်လ်ဂျီယံရဲ့ လူစားဝင်ကစားတဲ့ လူကာကူရဲ့ ဖိအားကြောင့် ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိခဲ့လို့ အဖွင့်ပွဲ ဂိုးပြတ်နဲ့နိုင်ဖို့ အခွင့်အလမ်းနဲ့ လွဲချာ်ခဲ့ရပါတယ်။
၂၀ - ဆီနီဂေါ
အုပ်စု အိုင်၊ ပြင်သစ်ကို ၃- ၁ နဲ့ ရှုံး
အရှက်ရစရာ အရှုံးတော့မဟုတ်ပါဘူး။ ၆၆ မိနစ်အထိ အနိုင်အခံ အရှုံးမပေးကစားခဲ့ကြတာပါ။ အစောပိုင်းမှာ နစ်ကိုးလက်စ် ဂျက်ဆန်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ဖို့ရာ ဖြစ်ခဲ့ပေမဲ့ ဂိုးပေါက် အစား ဂိုးတိုင်ကိုပဲ ထိခဲ့တာကြောင့် အခွင့်အလမ်း လွဲချော်ခဲ့ပါတယ်။
၂၁ - ၃၀
၂၁ - ပေါ်တူဂီ
အုပ်စု ကေ၊ ဒီအာရ် ကွန်ဂိုနဲ့ ၁ -၁ သရေကျ
ပေါ်တူဂီမှာ ခရစ္စတီယာနို ရော်နယ်ဒို ရှိနေပါသေးတယ်။ ဘောလုံးကို ခြေက မလွှတ်ချင်တဲ့ သူ ရှိနေတဲ့အသင်းအတွက်တော့ အဲဒီအရာကပဲ တစ်သင်းလုံးအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။
၂၂ - ခရိုအေးရှား
အုပ်စု အယ်လ်၊ အင်္ဂလန်ကို ၄ -၂ နဲ့ ရှုံး
အင်္ဂလန်လို အသင်းကို ဂိုးကောင်းကောင်း ၂ ကြိမ် သွင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ခံစစ်ပိုင်း အားနည်းနေတာကိုတွေ့ရပြီး အသင်းဟာ အသက်ကြီးနေတဲ့ဘောလုံးအကျော်အမော်တွေကို အားကိုးနေရပါတယ်။
၂၃ - ဒီအာရ် ကွန်ဂို
အုပ်စု ကေ၊ ပေါ်တူဂီနဲ့ ၁ -၁ သရေကျ
အချိတ်အဆက်မိမိ ခုခံကစားသွားတဲ့ ဒီအာရ် ကွန်ဂိုဟာ ပေါ်တူဂီကို မထင်ထားလောက်စရာ ယှဉ်ပြိုင်သွားနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ ပြီးတော့ ခြေထဲ ဘောလုံးရောက်ရင် ခပ်မြန်မြန် သယ်ပုံက ဖြုံစရာပါ။
၂၄ - ဆွစ်ဇာလန်
အုပ်စု ဘီ၊ ကာတာနဲ့ ၁ -၁ သရေကျ
တကယ့်ကို စိတ်ပျက်စရာပါ။ ဂိုးသွင်းဖို့ အခွင့်အရေးအကြိမ်ကြိမ်ကြုံခဲ့ပေမဲ့ တိုက်စစ်ပိုင်းမှာ မကောင်းလို့ အချဉ်းနှီးဖြစ်ခဲ့ပါတယ်။
၂၅ -နယူးဇီလန်
အုပ်စု ဂျီ၊ အီရန်ကို ၂ -၂ နဲ့ သရေကျ
ကမ္ဘာ့ဖလား အဆင့်သတ်မှတ်ချက်မှာ ခပ်နိမ့်နိမ့်ဖြစ်နေပေမဲ့ နယူးဇီလန်ဟာ ကြံ့ကြံ့ခံ ကစားပြသွားတာကို တွေ့ရပါတယ်။ ပြီးတော့ အသင်းမှာ အလိုင်ဂျာ ဂျက်စ်လို တက်သစ်စ ငွေကြယ်ပွင့်လည်း ရှိနေပါတယ်။
၂၆ - အီရန်
အုပ်စု ဂျီ၊ နယူးဇီလန်ကို ၂ - ၂ နဲ့ သရေကျ
နောက်တန်းမှာ အားနည်းတဲ့ အီရန်ဟာ သရေနဲ့ပွဲပြီးခဲ့တာကတော့ ကံကောင်းတယ်လို့ ဆိုရမှာပါ။
၂၇ -ဆော်ဒီအာရေးဗျ
အုပ်စု အိတ်ဂျ်၊ ဉရုဂွေးနဲ့ ၁ -၁ ဂိုးသရေကျ
အစီအစဉ်ကျကျနဲ့ ကစားသလို ခြေထဲ ဘောလုံးရောက်လာရင် ခပ်သွက်သွက် သယ်တတ်သူတွေလည်းဖြစ်ပါတယ်။ ပြိုင်တိုင်းရှုံးလို့ နာမည်ထွက်တဲ့ ဆော်ဒီဟာ အခုတော့ လွယ်လွယ်နဲ့ အရှုံးမပေးခဲ့ပုံပါ။
၂၈ - ဟေတီ
အုပ်စု စီ၊ စကော့တလန်ကို ၁ - ၀ နဲ့ရှုံး
စကော့တလန်ကို ခက်အောင်ကစားခဲ့ပေမဲ့ ဂိုးကို ဘယ်လိုအပိုင်သွင်းမလဲဆိုတာကိုတော့ မနပ်သေးတဲ့ပုံပါ။ ကိုယ်ကာယကြံ့ခိုင်ပေမဲ့ အရည်အသွေးပိုင်းမှာ အားနည်းနေပါတယ်။
၂၉ -တောင်ကိုရီးယား
အုပ်စု အေ၊ ချက်ရီပတ်ဘလစ် အသင်းကို ၂ -၁ နဲ့နိုင်
ချက်ရီပတ်ဘလစ်အသင်းဆီကနေ ဘောလုံးရဖို့ အတော်လေး ခက်ခဲခဲ့တဲ့အပိုင်းတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ရတဲ့အခါမှာလည်း အကျိုးရှိအောင်အသုံးချတတ်ပါတယ်။ ရတဲ့ဘောလုံးကို ဂိုးအဖြစ်ပြောင်းလဲအသုံးချနိုင်စွမ်းတော့ နည်းနေပါသေးတယ်။
၃၀ - ဥရုဂွေး
အုပ်စု အိတ်ချ်၊ ဆော်ဒီအာရေးဗျနဲ့ ၁ -၁ ဂိုးသရေကျ
ပွဲကစားချိန်နှောင်းပိုင်းမှာ ချေပဂိုးသွင်းပြီး သရေမကျခင် ဉရုဂွေးဟာ ဆော်ဒီကို ဂိုးသွင်းဖို့ အခွင့်အရေး ၂၈ ကြိမ်လောက်ရခဲ့ပါတယ်။ မာဆဲလို ဘီလ်ဆာတိုဘက်ဟာ ဘောလုံးရတဲ့အခါ ဂိုးဖန်တီးနိုင်စွမ်းအပိုင်းကို ပိုအာရုံစိုက်ဖို့ လိုနေပါတယ်။
၃၁ - ၄၀
၃၁ - တူရကီ
အုပ်စု ဒီ၊ သြစတြေးလျကို ၂ -၀ နဲ့ရှုံး
ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းကျော်အထိ ရှိခဲ့တာကြောင့် သြစတြေးလျဘက်က အံ့သားသင့်ခဲ့ရတဲ့အသင်းဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ် ကမ္ဘာ့ဖလားမှာ တတိယနေရာနဲ့ ကျေနပ်ခဲ့ရပြီးတဲ့နောက်ပိုင်း ကမ္ဘာ့ဖလားအိပ်မက်အတွက် ပထမဆုံးပြန်လာတဲ့အသင်းလည်းဖြစ်ပါတယ်။
၃၂ - သြစတြီးယား
အုပ်စု ဂျေ၊ ဂျော်ဒန်ကို ၃ -၁ နဲ့နိုင်
ပြိုင်ဘက်အသင်းက ကိုယ့်ဂိုးကိုယ် ပြန်သွင်းမိလို့ ရတဲ့ ဂိုးနဲ့ ပယ်နတီကြောင့်သာ သြစတြီးယာား ၃ ဂိုးအထိ ရခဲ့တာပါ။ နောက်မှာ အာဂျင်တီးနားက စောင့်နေပါတယ်။
၃၃ - အိုင်ဗရီကို့စ်
အုပ်စု အီး၊ အီကွေဒေါကို ၁ -၀ နဲ့နိုင်
အသင်းဟာ အီကွေဒေါအသင်းနဲ့အဖွင့်ပွဲကစားချိန် ဂိုးသွင်းနိုင်မယ့်အခွင့်အလမ်းရဖို့ အတော်လေးကြိုးပမ်းခဲ့ရတာဖြစ်ပါတယ်။ အာမက် ဒီယာလိုကို အသင်းထဲ ထည့်သွင်းကစားလာတာကြောင့် ရှေ့ဆက်အုပ်စုတက်လိုတက်ငြား မျှော်လင့်နေပါတယ်။
၃၄- ဂါနာ
အုပ်စု အယ်လ်၊ ပနားမားကို ၁ -၀ နဲ့နိုင်
အသင်းဟာ ပွဲကစားချိန်အတော်များများမှာ ကောင်းကောင်း မစားနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ပွဲပြီးခါနီး ၉၅ မိနစ်ရောက်မှ စက္ကန့်ပိုင်းအတွင်း ၁ ဂိုး ကပ်ရခဲ့တာ ဖြစ်ပါတယ်။ ပိုကောင်းတဲ့အသင်းတဲ့တွေ့တဲ့အခါမှာ အခက်ကြုံရနိုင်ပါတယ်။ ရှေ့မှာ အင်္ဂလန်နဲ့ ခရိုအေးရှားတို့က စောင့်ကြိုနေပါတယ်။
၃၅ -အယ်လ်ဂျီးရီးယား
အုပ်စု ဂျေ၊ အာဂျင်တီးနား ၃ - ၀ နဲ့ရှုံး
မက်ဆီရဲ့ ဟတ်ထရစ် ၃ ဂိုးနဲ့ကြုံခဲ့ရတာပါ။ ဂိုးသွင်းဖို့ တစ်ကြိမ်တောင် အခွင့်မသာခဲ့ပါဘူး။
၃၆ - ဂျော်ဒန်
အုပ်စု အယ်လ်၊ သြစတြီးယားကို ၃ -၁ နဲ့ရှုံး
လှလှပပ ဂိုးတစ်လုံးရခဲ့တာပါ။ ဒါပေမဲ့ သြစတြီးယားကို ထိထိရောက်ရောက် ဖိကစားထားတာ မရှိပါဘူး။ ဒါပေမဲ့
၃၇ - ဘော့စနီးယား
အုပ်စု ဘီ၊ ကနေဒါနဲ့ ၁- ၁ ဂိုးသရေကျ
အဖွင့်ပွဲမှာ အနိုင်ရဖို့ မျှော်မှန်းခဲ့ပေမဲ့ ကစားသမားနဲ့ထိမိပြီး လမ်းကြောင်းပြောင်း ဝင်သွားတဲ့ ဂိုးကြောင့် သရေနဲ့ပွဲပြီးခဲ့ရပါတယ်။
၃၈ -ကနေဒါ
အုပ်စု ဘီ၊ ဘော့စနီးယားနဲ့ ၁ - ၁ ဂိုးသရေ
အိမ်ကွင်း ပရိသတ်ရှေ့မှာ ကစားခဲ့ရတာဖြစ်ပေမဲ့ လမ်းကြောင်းပြောင်းပြီး ဝင်သွားတဲ့ တစ်ဖက်ဂိုးကြောင် ပွဲချိန်နှောင်းပိုင်းမှာ ကံကောင်းလို့ သရေကျခဲ့တာပါ။
၃၉ - အီရတ်
အုပ်စု အိုင်၊ နော်ဝေကို ၄ -၁ ဂိုးနဲ့ရှုံး
နော်ဝေအသင်းက အားလင်း ဟာလန်းကို ဟန့်တားကစားနိုင်တဲ့အသင်းအများကြီး မရှိနေပါဘူး။ အီရတ်အသင်းလည်း ဟန့်တားကစားလို့မရခဲ့တာကတော့ ဂိုးရလဒ်က သက်သေပြပါတယ်။
၄၀- အီကွေဒေါ
အုပ်စု အီး၊ အိုင်ဗရီကို့စ်ကို ၁ - ၀ နဲ့ရှုံး
ပြိုင်ပွဲမှာ ထင်ထားတာထက် အုပ်စုအဆင့်တက်သွားနိုင်တယ်လို့ အမြင်ခံရတဲ့အသင်းဖြစ်ခဲ့ပြီး အခွင့်အရေးအချို့လည်း ရခဲ့ပေမဲ့ အိုင်ဗရီကို့စ်ကို ၁ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမဲ့ အသင်း ဝတ်စုံကတော့ မိုက်နေပါတယ်။
၄၁ - ၄၈
၄၁- ချက်ရီပတ်ဘလစ်
အုပ်စု အေ၊ တောင်ကိုရီးယားကို ၂ -၁ နဲ့ရှုံး
နှေးနှေးကွေးကွေးနဲ့ အားရစရာမရှိအောင် ကစားခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ဒါဟာ ၁၉၉၆ တုန်းကစားခဲ့တဲ့ ယူရိုပွဲမှာ ပရိသတ်တွေ အကြိုက်တွေ့ခဲ့တဲ့ ချက်ရီပတ်ဘလစ်အသင်းမှ ဟုတ်သေးရဲ့လားလို့ မေးရတဲ့အထိပါပဲ။
၄၂ - ဥဘတ်ကစ္စတန်
အုပ်စု ကေ၊ ကိုလံဘီယာကို ၃ -၁ နဲ့ရှုံး
ရဲရဲ မာမာ ကစားခဲ့တဲ့အသင်းဖြစ်ပြီး ကမ္ဘာ့ဖလား အဖွင့်ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တာကိုလည်း ပျော်မဆုံးဖြစ်ခဲ့တဲ့ပုံပါ။ ဒါပေမဲ့ ကိုလံဘီယာအသင်းဘက်က အင်ပြည့်အားပြည့် အကွက်ကျကျ ကစားပုံကိုတော့ မယှဉ်နိုင်ခဲ့ပါဘူး။
၄၃ - တောင်အာဖရိက
အုပ်စု အေ၊ မက္ကဆီကိုကို ၂ - ၀ နဲ့ရှုံး
အဖွင့်ကစားပွဲနေ့မှာ အိမ်ရှင်အသင်းကို ရက်ရက်လျောလျော လျှော့ပြီးကစားခဲ့တာလားလို့တောင် အတွေးပွားစရာပါ။ တန်ပြန်တိုက်တာ နည်းခဲ့ပါတယ်။ ဒီအတိုင်းပဲ ဘောလုံးကို အပျော်တမ်းဆော့နေသလို ခံစားရပါတယ်။ ပွဲပြီးချိန်မှာတော့ ကွင်းထဲ ကစားသမား ၉ ဦးပဲ ကျန်ခဲ့ပါတယ်။
၄၄ - ကာတာ
အုပ်စု ဘီ၊ ဆွစ်ဇာလန်နဲ့ ၁ -၁ ဂိုးသရေကျ Drew 1-1 with Switzerland.
ကံကောင်းလို့ သရေကျတယ်လို့ပြောရမှာပါ။ ဆွစ်ဇာလန်ဘက်က အကြိတ်အနယ်ဆော့တာကို ခံခဲ့ရပါတယ်။
၄၅ -ပါရာဂွေး
အုပ်စု ဒီ၊ အမေရိကန်ကို ၄ -၁ နဲ့ ရှုံး
အမေရိကန်ရဲ့ အကြိတ်အနယ်ကစားတာခံရတဲ့ ပါရာဂွေးဟာ ဂိုးပြတ်အထိ ကြုံရဖို့အထိ အခြေအနေဆိုးမယ့်ကိန်းဆိုက်ခဲ့ပါတယ်။ ခံစစ်ပိုင်းဟာလည်း ကြည့်ရတာ ဘဝင်မကျစရာပါ။
၄၆ - တူနီးရှား
အုပ်စု အက်ဖ်၊ ဆွီဒင်ကို ၅ - ၁ နဲ့ ရှုံး
သမိုင်းမှတ်တိုင် စိုက်ထူသူတွေပါ။ အဖွင့်ကစားပွဲအပြီးမှာတင် နည်းပြကို ထုတ်ခဲ့ပါတယ်။ ဒီလောက်ဆို တူနီးရှား အခြေအနေ ခန့်မှန်းမိကြရောပေါ့။
၄၇ - ပနားမား
အုပ်စု အယ်လ်၊ ဂါနာကို ၁ ၀ နဲ့ရှုံး
လက်ရှိ အချိန်အထိ ကမ္ဘာ့ဖလားမှာ အဆိုးရွားဆုံးကစားပွဲကို ပါဝင်ခဲ့တဲ့အသင်းဖြစ်ပါတယ်။ ဂါနာကို ပွဲပြီးချိန် ၉၅ မိနစ်ကိုမှ စက္ကန့်ပိုင်းလေးအလိုမှာ ဂိုးပေးလိုက်ရတာဖြစ်ပါတယ်။
၄၈ - ချူရာဆောင်း
အုပ်စု အီး၊ ဂျာမနီကို ၇ -၁ နဲ့ရှုံး
ဂျာမနီကို ၇ ဂိုး ၁ ဂိုး နဲ့ရှုံးခဲ့ပေမဲ့ ဂျာမနီကို ပြန်ကစားခဲ့တာကတော့ သူတို့အတွက် ဘယ်တော့မှ မမေ့နိုင်မယ့် အခိုက်အတန့်ဖြစ်နေမှာတော့ သေချာပါတယ်။