BBC News, မြန်မာ - ပင်မစာမျက်နှာ

ထိပ်တန်း သတင်းများ

ဒေတာ ချွေတာချင်ပါသလား။

ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်

အထူးစာမျက်နှာ

၂၀၂၅ မြန်မာရွေးကောက်ပွဲ

  • နေပြည်တော်က သမ္မတရွေးပွဲနဲ့ နိုင်ငံတဝန်းက စစ်ရှိန်

    စစ်တပ်ဦးဆောင်တဲ့ ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ ပြည်ထောင်စုလွှတ်တော်ကနေ သမ္မတရွေးချယ်တဲ့ ကာလအတွင်းမှာပဲ နိုင်ငံတဝန်းမှာ လေကြောင်းတိုက်ခံရလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့အပါအဝင် အရပ်သားသေဆုံးမှုတွေ ဖြစ်နေပါတယ်။ သမ္မတရွေးချယ်တဲ့ကာလ ဧပြီပထမအပတ်အတွင်း နိုင်ငံတဝန်းက စစ်ရေးအခြေအနေနဲ့ စစ်တပ်ရွေးကောက်ပွဲကနေ သမ္မတပေါ်ထွက်လာပြီးတဲ့နောက် နိုင်ငံရဲ့စစ်ရေးအရွေ့ ဘာတွေဖြစ်လာနိုင်လဲ။

  • SCEF - အင်အားကြီးအဖွဲ့တွေစုဖွဲ့လာတဲ့ ဖက်ဒရယ်ဦးဆောင်ကောင်စီ

    နေပြည်တော်ကလွှတ်တော် ပြန်အသက်ဝင်နေချိန်မှာပဲ ‌တော်လှန်ရေးအင်အားစုတွေရဲ့ အချိန်ကိုက်အရွေ့ တစ်ခုအဖြစ် “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ” ဆိုပြီး ပေါ်လာပါတယ်။

  • လျှို့ဝှက်ချက်တွေ ကိုင်ထားတဲ့ ထောက်လှမ်းရေးမှူးချုပ်ဟောင်း တပ်ချုပ်

    "ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပန်ဒိုရာသေတ္တာကို ကိုင်ထားတဲ့သူ။ တပ်နဲ့အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ လျှို့ဝှက်ချက်တွေအကုန်သိထားတဲ့သူ" လို့ ထောက်လှမ်းရေးအကြီးအကဲဟောင်းတစ်ဦးတပ်ချုပ်ဖြစ်လာတဲ့အကျိုးဆက်ကို အငြိမ်းစားတပ်အရာရှိတစ်ဦးကပြောပါတယ်။

  • နန်းနီနီအေး- အာဏာသိမ်းစစ်တပ်ရဲ့အသွင်ပြောင်းအစိုးရက အမျိုးသမီးဒုသမ္မတ

    အာဏာသိမ်းစစ်ဗိုလ်ချုပ်တွေရဲ့ အရပ်ဘက်အသွင်ပြောင်း ဗဟိုအုပ်ချုပ်ရေးထဲမှာ အသက် ၅၇ နှစ်အရွယ် ကရင်တိုင်းရင်းသူ နန်းနီနီအေး က မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက်မှာ ပထမဆုံးအမျိုးသမီး ဒုတိယသမ္မတဖြစ်လာပါတယ်။

  • ဦးအောင်လင်းဒွေး - အမိန့်နာခံသူ ဗိုလ်ချုပ်ကြီး

    ဦးအောင်လင်းဒွေးကို တိုင်းပြည်ရဲ့ နံပါတ် ၅ ရာထူးကို ပေးလိုက်တာက အမိန့်နာခံတတ်တဲ့ နောက်လိုက်တစ်ယောက်ကို စစ်ခေါင်းဆောင်ရဲ့ စောင်မကြည့်ရှုမှုလည်းဖြစ်သလို မပြီးပြတ်သေးတဲ့တာဝန်တစ်ခုပေးလိုက်တာလည်းဖြစ်ပါတယ်။

  • ဦးခင်ရီပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်လာခြင်းရဲ့နောက်ကွယ်

    ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က ရဲချုပ်ဟောင်းဖြစ်တဲ့ အငြိမ်းစားဗိုလ်မှူးချုပ်ခင်ရီ ဦးခင်ရီပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်လာခြင်းက စစ်တပ်ကလုပ်ပေးတဲ့ဒီမိုကရေစီအပြောင်းအလဲဟာ စစ်ဗိုလ်ချုပ်တွေလက်ထဲက မလွတ်သေးကြောင်း အကောင်းဆုံး သက်သေပဲ ဖြစ်ပါတယ်။

  • တပ်ချုပ်နေရာဆက်ခံမယ့်သူ ကြည်းချုပ်လား၊ ညှိကွပ်လား

    ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အာဏာသိမ်းကာလ ၅ နှစ်လုံးအနီးကပ်နေခဲ့သူဖြစ်ပြီး ဗိုလ်ချုပ်ကြီးကျော်စွာလင်းကတော့ တပ်ပိုင်းဆိုင်ရာကိုပဲ သီးသန့်တာဝန်ယူခဲ့သူဖြစ်ပါတယ်။

  • တပ်နဲ့ ကြံ့ခိုင်ရေး အာဏာခွဲဝေရေး ဆွေးနွေးမှုတချို့ စတင်

    USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီဟာ နေပြည်တော်မှာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တွေ့ဆုံခဲ့တယ်လို့ နေပြည်တော်က ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

  • ကြိုတင်မဲတွေက အဆုံးအဖြတ်ဖြစ်ခဲ့သလား

    အပိုင်း ၃ ပိုင်းနဲ့ကျင်းပခဲ့တဲ့စစ်တပ်ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေကြောင့် အနိုင်အရှုံးသိသာခဲ့တာက စစ်တပ်ထိန်းချုပ်တဲ့ မြို့နယ် ၃ ခုမှာပဲ ပြုလုပ်နိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်ထဲက မဲဆန္ဒနယ်တွေမှာ ဖြစ်ပါတယ်။

  • စစ်တပ်နဲ့ NUG တို့လှမ်းလာတဲ့ အကြံပေးကောင်စီတွေ

    အာဏာသိမ်း ၅ နှစ်ပြည့်ချိန် ဖေဖော်ဝါရီလမှာရွေ့လာတဲ့ နိုင်ငံရေးအခင်းအကျင်းအရ အခုနှစ်ထဲ စစ်တပ်ရောတော်လှန်ရေးမှာပါ လွှတ်တော်၊ အစိုးရ၊ ကောင်စီဆိုတဲ့ အလွှာသုံးခု စင်ပြိုင်ရှိမယ့် သဘောတွေ့နေရပါတယ်။

  • အတိုင်ပင်ခံကောင်စီ - သမ္မတလုပ်ပိုင်ခွင့်ကို ကြိုတင်ပြဋ္ဌာန်းခြင်း

    ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို သမ္မတက ဖွဲ့စည်းပေးရမှာဖြစ်ပြီး ဒီအဖွဲ့မှာ စစ်ကော်မရှင်အဖွဲ့ဝင်တွေနဲ့ အာဏာသိမ်းစစ်အုပ်ချုပ်ရေးမှာပါဝင်ခဲ့တဲ့ စီနီယာအရာရှိကြီးတွေ ပြန်ပါလာနိုင်တယ်လို့ နေပြည်တော်မှာ ခန့်မှန်းသုံးသပ်နေကြပါတယ်။

  • အစိုးရသစ်ကာလအထိ ဘာကြောင့် စစ်အုပ်ချုပ်ရေးသက်တမ်းတိုးသလဲ

    စစ်ကော်မရှင်ဟာ လွှတ်တော်အစည်းအဝေးတွေ ကျင်းပဖို့ ပြင်ဆင်နေပြီး တပြိုင်နက်တည်းမှာပဲ မြို့နယ်ပေါင်း ၆၃ ခုကို စစ်အုပ်ချုပ်ရေးသက်တမ်း ဆက်တိုးထားပါတယ်။

ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။

မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။

နားဆင်ကြည့်ရှုရန်

ဆောင်းပါး

  • ငလျင်ကြောင့် ပျက်စီးသွားတဲ့ မန္တလေးက ဗလီတွေ ဘာဆက်ဖြစ်နေလဲ

    စစ်ကိုင်းပြတ်ရွေ့ငလျင်ကြီး လှုပ်ခတ်မှုကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဗလီပေါင်း ၁၈၃ လုံး ထိခိုက်ပျက်စီးခဲ့ပြီး မန္တလေးမြို့ပေါ် ၇ မြို့နယ်မှာတော့ ဗလီ ၅၀ ကျော်နဲ့ အထိအခိုက်အများဆုံး ဖြစ်ခဲ့တယ်လို့ စာရင်းကောက်ယူထားတဲ့ အစ္စလာမ်ဘာသာ အဖွဲ့အစည်းတွေဆီကနေ သိရပါတယ်။ မန္တလေးမြို့မှာတော့ ဗလီနဲ့ ဘာသာရေးကျောင်း တစ်လုံးမှကို ခွင့်ပြုချက် မရသေးတာဖြစ်ပါတယ်။

  • ငလျင်ကြီးတစ်နှစ်တာ - Sky Villa တိုက်ခန်းပိုင်ရှင်တွေရဲ့ အမေ့လျော့ခံဒဏ်ရာများ

    မြန်မာနိုင်ငံမှာ ၂၀၂၅၊ မတ်လ ၂၈ ရက်က ငလျင်လှုပ်ခတ်မှု တစ်နှစ်ပြည့်လာပြီးတဲ့နောက်မှာ လူ ရာနဲ့ချီ သေဆုံးခဲ့တဲ့ Sky Villa ကွန်ဒိုတည်ဆောက်တဲ့ ကုမ္ပဏီပိုင်ရှင်ကို တရားစွဲဆိုမှုထွက်ပေါ်လာပါပြီ။ အိမ်ပိုင်ရှင်တွေစုစု‌ပေါင်းပြီးတော့ လည်း တရားစွဲဖို့ပြင်နေပါတယ်။ ငလျင်လှုပ်ခတ်မှုအပြီး တစ်နှစ်အကြာပေါ်လာတဲ့ တရားအခြေအနေဘယ်လိုရှိပါသလဲ။ Sky Villa ကွန်ဒို အခန်းပိုင်ရှင်တွေ ရဲ့ တောင်းဆိုမှုတွေကဘာတွေလဲ။

  • ငလျင်ကြီးတစ်နှစ်ပြည့် - ဘန်ကောက်ပြိုကျအဆောက်အဦကမြန်မာလုပ်သားတွေ

    မြန်မာနိုင်ငံသားတွေအတွက် မတ် ၂၈ ရက်ဟာ မမေ့နိုင်စရာရက်စွဲဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ငြိမ်သက်နေတဲ့ စစ်ကိုင်းပြတ်ရွေ့လှုပ်ခတ်ခဲ့တာကြောင့် လူဦးရေ ၄,၀၀၀ နီးပါးသေဆုံးခဲ့ပြီး လူဦးရေသိန်းချီ အိုးမဲ့အိမ်မဲ့ဘဝရောက်ခဲ့ရတဲ့ အိပ်မက်ဆိုးသဖွယ်ရက်စွဲ တစ်နှစ်ပြည့်ပါပြီ။

  • စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို တော်လှန်ရေးဘက်ကဘယ်လိုတန်ပြန်မလဲ

    နှစ်ပေါင်း ၇၀ ကျော် သက်တမ်းရှိတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ရေး၊ နိုင်ငံရေးအကျိုး အမြတ်အတွက် လုပ်ဆောင်တဲ့ ဝါဒဖြန့်ချိရေးဗျူဟာကို တော်လှန်ရေးအင်အားစုတွေဘက်က အချိန်မီစုစည်းတုံ့ပြန်နိုင်ဖို့ လိုတယ်ဆိုတဲ့ ထောက်ပြမှုတွေ ရှိလာပါတယ်။

  • လက်လှမ်းမမီတော့တဲ့ နိုင်ငံတော်အလှကုန်တွေ

    လွန်ခဲ့တဲ့ငါးနှစ်တုန်းက မြန်မာ့လူငယ်တွေဟာ ခေတ်မီအလှကုန်တွေကို နိုင်ငံတကာမှာ နာမည်ကျော်ကြားတာနဲ့ တပြေးညီဝယ်ယူသုံးစွဲနိုင်ခဲ့ကြခဲ့ပေမဲ့ အခုတော့ ငွေကြေးတတ်နိုင်သူလူတစ်စု အတွက် ဇိမ်ခံအလှကုန်တွေဖြစ်လာပါတယ်။

မြန်မာ့ရေးရာ

နိုင်ငံတကာ

ဗီဒီယို သတင်းများ

အဖတ်များနေသော သတင်းဆောင်းပါးများ