၀င်ငွေ အကောင်းဆုံး ဘောလုံးသမားက ဘယ်သူလဲ

ဘောလုံး အားကစားဟာ ကမ္ဘာ့မှာ လူကြိုက်အများဆုံး အားကစားနည်း တစ်ခုဖြစ်ပြီး ဘောလုံးသမားတွေကလည်း ဝင်ငွေတွေ များစွာ ရခဲ့ကြပါတယ်။ တစ်နှစ်ပတ်လုံးနီးပါး ကစားနေရတဲ့ ဘောလုံးသမားတွေ အတွက် သူတို့ ရရှိနေတဲ့ လုပ်ခ လစာတွေကလည်း တစ်ခြား အားကစားနည်းတွေထက် အဆပေါင်းများစွာ သာပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ အသက် ၂၃နှစ် အရွယ်သာရှိသေးတဲ့ မန်စီးတီးရဲ့ အင်္ဂလန် တောင်ပံကစားသမား စတာလင်ကလည်း တစ်ပတ် ပေါင် ၃သိန်းအထိရရှိမယ့် ၃နှစ်သက်တမ်းတိုး စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ စတာလင်ရဲ့ လစာငွေဟာ မန်စီးတီးမှာ ဝင်ငွေ အကောင်းဆုံး ကစားသမား ဖြစ်လာခဲ့ပြီး ကမ္ဘာ့ ဝင်ငွေအကောင်းဆုံး ကစားသမားတွေထဲကို မကြာခင် အချိန်အတွင်း ရောက်ရှိလာမှာ သေချာပါတယ်။

လက်ရှိ ဘောလုံးသမားတွေထဲ ဝင်ငွေ အကောင်းဆုံး ဘောလုံးသမားစာရင်းကို Forbes က ထုတ်ပြန်ကြေငြာခဲ့ရာ ဘာစီလိုနာရဲ့ စူပါစတား မက်ဆီက ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ မက်ဆီဟာ အားကစားသမားတွေထဲမှာတော့ အနားယူသွားပြီ ဖြစ်တဲ့ နာမည်ကျော် လက်ဝှေ့သမား ဖလွိုက် မေဝဲသာပြီးရင် ဒုတိယ ဝင်ငွေ အကောင်းဆုံးပါ။ မက်ဆီဟာ ၂၀၁၈ခုနှစ်အတွင်း စုစုပေါင်း ဒေါ်လာ ၁၁၁သန်းအထိ ရရှိခဲ့ပါတယ်။ ဘာစီလိုနာနဲ့ စာချုပ်သစ်ကြောင့် ဝင်ငွေ များစွာ တိုးတက်လာခဲ့တာ ဖြစ်ပြီး လစာငွေချည်းကနေ ၈၄သန်းနဲ့ စပွန်ဆာကနေ ၂၇သန်းအထိရရှိခဲ့ပါတယ်။

စီးရီးအေကို ပြောင်းလာခဲ့တဲ့ ရော်နယ်လ်ဒိုက စုစုပေါင်းဝင်ငွေ ဒေါ်လာ ၁၀၈သန်းနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ ရော်နယ်လ်ဒိုဟာ လစာငွေ ၆၁သန်းအပြင် ရီးယဲယ်နဲ့ ချန်ပီယံရရှိထားတဲ့ ဆုကြေးငွေအပါအဝင် အခြား စပွန်ဆာကြေးတွေကနေ ၄၇သန်းအထိ ရရှိခဲ့လို့ ဝင်ငွေ သန်း ၁၀ဝကျော် ရခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ လက်ရှိမှာတော့ သန်း ၅၀ဝနီးပါး ချမ်းသာသူ တစ်ဦးလည်း ဖြစ်ပါတယ်။

မက်ဆီ၊ ရော်နယ်လ်ဒိုတို့ရဲ့ နောက်မှာတော့ နေမာ၊ ဂါရတ်ဘေးလ်၊ ပေါ့ပ်ဘာတို့ အစဉ်လိုက် ရပ်တည်နေကြပါတယ်။

၂၀၁၈ ဝင်ငွေ အကောင်းဆုံး ဘောလုံးသမား ၈ဦးစာရင်း ( ဒေါ်လာ)

၁) မက်ဆီ (ဘာစီလိုနာ) - ၈၄သန်း လစာ + ၂၇သန်း စပွန်ဆာ = ၁၁၁ သန်း

၂) ရော်နယ်လ်ဒို ( ဂျူဗင်တပ်စ်) - ၆၁သန်း လစာ + ၄၇သန်း စပွန်ဆာ = ၁၀၈ သန်း

၃) နေမာ ( PSG) - ၇၃သန်း လစာ + ၁၇သန်း စပွန်ဆာ = ၉၀ သန်း

၄) ဘေးလ် ( ရီးယဲယ်) - ၂၈.၆သန်း လစာ + ၆သန်း စပွန်ဆာ = ၃၄.၆ သန်း

၅) ပေါ့ပ်ဘာ ( မန်ယူ) - ၂၅သန်း လစာ + ၄.၅သန်း စပွန်ဆာ = ၂၉.၅ သန်း

၆) အော်စကာ (ရှန်ဟိုင်း SIPG) - ၂၅.၉သန်း လစာ + ၁.၅သန်း စပွန်ဆာ = ၂၇.၄ သန်း

၇) ရူနီ( DC ယူနိုက်တက် ) - ၂၂သန်း လစာ + ၅သန်း စပွန်ဆာ = ၂၇ သန်း

၈) ဆွာရက်ဇ် (ဘာစီလိုနာ) - ၁၉.၉သန်း လစာ + ၇သန်း စပွန်ဆာ = ၂၆.၉ သန်း

Forbes က ထုတ်ပြန်ကြေငြာခဲ့တဲ့ ၂၀၁၈ခုနှစ်ရဲ့ ဝင်ငွေ အကောင်းဆုံး ကစားသမား ၈ဦးအပြင် သက်ဆိုင်ရာ ထိပ်တန်း လိဂ်တွေက ကစားသမားတွေရဲ့ ဝင်ငွေတွေကို လည်း ဖော်ပြပေးထားပါတယ်။ ပရီးမီးယားလိဂ်မှာ ဆန်းချက်ဇ်၊ လာလီဂါမှာ မက်ဆီ၊ စီးရီးအေမှာ ရော်နယ်လ်ဒို၊ ဘွန်ဒက်စ်လီဂါမှာ လီဝန်ဒေါ်စကီး၊ ပြင်သစ်လိဂ်မှာ နေမာနဲ့ တရုတ် စူပါလိဂ်မှာ အော်စကာတို့က တစ်ပတ် လစာ အများဆုံး ရကြသူတွေ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ဝင်ငွေ အကောင်းဆုံး ၅ဦး ( ပေါင်)

၁) ဆန်းချက်ဇ် ( မန်ယူ) - ပေါင် ၅သိန်း

၂) အိုဇေးလ် ( အာဆင်နယ်) - ပေါင် ၃.၅သိန်း

၃) စတာလင် ( မန်စီးတီး) - ပေါင် ၃သိန်း

၄) ပေါ့ပ်ဘာ ( မန်ယူ) - ပေါင် ၂.၉သိန်း

၅) ဒီဘရိုင်းနားလ်၊ အဂွဲရိုး ( မန်စီးတီး) - ပေါင် ၂.၆သိန်း

စီးရီးအေ လစာ ဝင်ငွေ အကောင်းဆုံး ၅ဦး ( တစ်ပတ် )

၁) ရော်နယ်လ်ဒို ( ဂျူဗင်တပ်စ် ) - ပေါင် ၄.၄ သိန်း

၂) ဟီဂွယ်ရင် ( အေစီမီလန်) - ပေါင် ၁.၄သိန်း

၃) ဒီဘာလာ ( ဂျူဗင်တပ်စ်) - ပေါင် ၁.၃သိန်း

၄) အကာဒီ ( အင်တာမီလန်) - ပေါင် ၁.၂ သိန်း

၅) ဒိုနာရူမာ ( အေစီမီလန် ) - ပေါင် ၁သိန်း

လာလီဂါ လစာ ဝင်ငွေအကောင်းဆုံး ၅ဦး ( တစ်ပတ် )

၁) မက်ဆီ ( ဘာစီလိုနာ) - ပေါင် ၅သိန်း ( အခွန်အပြီး)

၂) ဘေးလ် ( ရီးယဲယ် ) - ပေါင် ၃.၅သိန်း

၃) ဆွာရက်ဇ် ( ဘာစီလိုနာ) - ပေါင် ၂.၉သိန်း

၄) ကော်တင်ညို ( ဘာစီလိုနာ) - ပေါင် ၂.၄သိန်း

၅) တိုနီခရုစ်၊ ရာမို့စ် ( ရီးယဲယ်) - ပေါင် ၂သိန်း

၅) ဂရီဇ်မန်း ( အက်သလက်တီကို) - ပေါင် ၂သိန်း

ဘွန်ဒက်စ်လီဂါ ဝင်ငွေ အကောင်းဆုံး ၅ဦး ( တစ်ပတ်)

၁) လီဝန်ဒေါ်စကီး ( ဘိုင်ယန်) - ပေါင် ၂.၁သိန်း

၂) မာကို ရိုက်စ် ( ဒေါ့မန်) - ပေါင် ၁.၆သိန်း

၃) ပူလစ်ဆစ် ( ဒေါ့မန်) - ပေါင် ၁.၅၁သိန်း

၄) ဂေါ့ဇဲလ် ( ဒေါ့မန်) - ပေါင် ၁.၅သိန်း

၅) ရီဘာရီ၊ ရော်ဘင် ( ဘိုင်ယန်) - ပေါင် ၁.၄သိန်း

ပြင်သစ်လိဂ် ဝင်ငွေ အကောင်းဆုံး ၅ဦး ( တစ်ပတ်)

၁) နေမာ (PSG ) - ပေါင် ၄.၅၃သိန်း

၂) အမ်ဘတ်ပေ (PSG ) - ပေါင် ၃သိန်း

၃) အဲဗတ်စ် (PSG ) - ပေါင် ၂.၁သိန်း

၄) ဒီမာရီယာ (PSG ) - ပေါင် ၁.၈သိန်း)

၅) သီယာဂို ဆေးလ်ဗား (PSG ) - ပေါင် ၁.၇၈သိန်း

တရုတ် စူပါလိဂ် ဝင်ငွေ အကောင်းဆုံး ၅ဦး ( တစ်ပတ်)

၁) အော်စကာ ( ရှန်ဟိုင်း SIPG) - ပေါင် ၄သိန်း

၂) ဟော့ခ် (ရှန်ဟိုင်း SIPG ) - ပေါင် ၃.၂သိန်း

၃) ပယ်လီ ( Tianjin Quanjian) - ပေါင် ၂.၉သိန်း

၄) လာဗက်ဇီ ( Hebei China Fortune) - ပေါင် ၂.၈၅သိန်း

၅) အဆာမိုဂျန် ( ရှန်ဟိုင်း SIPG ) - ပေါင် ၂.၂၇သိန်း

( ကစားသမားတွေရဲ့ တစ်ပတ် ဝင်ငွေကို စတာလင် ပေါင် နဲ့ ဖော်ပြထားပါတယ်။ )