ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီရန်စစ်ပွဲ - ခရီးသွားတာလျှော့ပြီး အိမ်ကနေ အလုပ်လုပ်ကြဖို့ မိုဒီ တိုက်တွန်း
- ရေးသားသူ, ဂရီတာ ပန်ဒီ
- ရာထူးတာဝန်, ဘီဘီစီသတင်းထောက်
- ရေးသားပေးပို့သည့်နေရာ, ဒေလီမြို့
- ဖတ်ရန်အချိန်: မိနစ် ၄
အီရန်စစ်ပွဲ ဆက်လက်ဖြစ်ပွားနေချိန်မှာ အိန္ဒိယနိုင်ငံသားတွေအနေနဲ့ အိမ်ကနေ အလုပ်လုပ်ဖို့၊ ရွှေဝယ်ယူမှု လျှော့ချဖို့နဲ့ နိုင်ငံခြားခရီးသွားလာမှုကို ကန့်သတ်ကြဖို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်နဲ့အစ္စရေးတို့ရဲ့ အီရန်အပေါ် တိုက်နေတဲ့ စစ်ပွဲကြောင့် ပါရှန်ပင်လယ်ကွေ့အတွင်းမှာရှိတဲ့ဟော်မုဇ် ရေလက်ကြားဟာ နှစ်လခွဲကျော်ကြာ ပိတ်ဆို့ခံထားရပြီး အိန္ဒိယဟာ ပြည်တွင်းမှာ သုံးစွဲတဲ့ ရေနံရဲ့ ၉၀ ရာခိုင်နှုန်းကို ပြည်ပကနေ တင်သွင်းနေရတာကြောင့် ရေနံသွင်းကုန်ကျစရိတ်ဟာ ဒေါ်လာဘီလျံပေါင်းများစွာ မြင့်တက်လာနေပါတယ်။
ဟိုက်ဒရာဘတ်မြို့မှာ ပြောကြားခဲ့တဲ့ ဝန်ကြီးချုပ် မိုဒီရဲ့ လတ်တလော တိုက်တွန်းချက်ဟာ "အရေးအကြီးဆုံး" တိုက်တွန်းချက်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောကြပါတယ်။
"မျိုးချစ်စိတ်ဆိုတာ နယ်စပ်မှာ အသက်စွန့်ဖို့ ပေးဆပ်လိုစိတ် တင်မကပါဘူး။ ဒီအချိန်မှာ လူထု အနေနဲ့ နေ့စဉ်ဘဝမှာ တာဝန်သိသိနဲ့ နေထိုင်ပြီး နိုင်ငံအတွက် ဖြည့်ဆည်းရမယ့်ဝတ္တရားတွေကို ထမ်းဆောင်ပေးဖို့ဖြစ်တယ်"လို့ မိုဒီက ဆိုပါတယ်။
''နိုင်ငံခြားငွေလဲလှယ်နှုန်း သက်သာစေဖို့ အထူးအလေးပေးကြပါ၊ လူထု သယ်ယူပို့ဆောင်ရေး ဖြစ်တဲ့ မက်ထရိုလို မြေပေါ်မြေအောက် ရထားတွေကို အသုံးပြုကြပါ၊ အတူစုပြီး ကားကို ပူးတွဲစီးနင်းကြပါ၊ ဒါအပြင် ဓာတ်မြေဩဇာအသုံးပြုမှု ထက်ဝက်လျှော့ချကြပါ'' လို့ သူက တောင်သူ လယ်သမားတွေကိုလည်း တိုက်တွန်းခဲ့ပါတယ်။
မိုဒီရဲ့မှတ်ချက်တွေကြောင့် တနင်္လာနေ့မှာ အိန္ဒိယအစုရှယ်ယာစျေးကွက်ဟာ လှုပ်လှုပ်ခတ်ခတ်တွေ ရှိခဲ့ပါတယ်။
လေ့လာသုံးသပ်သူတွေအပြောအရ စီးပွားရေးအပေါ် သက်ရောက်မှုတွေ ရှိလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုနဲ့အတူ အိန္ဒိယဈေးကွက်မှာ စံအဖြစ်သတ်မှတ်ထားတဲ့ Sensex အညွှန်းကိန်းဟာ မနက်ခင်း စျေးဖွင့်ချိန်မှာ ပွိုင့် တစ်ထောင်ကျော် ကျဆင်းသွားတယ်လို့ ဆိုပါတယ်။
အိန္ဒိယငွေကြေးရူပီး တန်ဖိုးဟာ စံချိန်တင်အနိမ့်ဆုံးကို ကျဆင်းခဲ့ပြီး သွင်းကုန်စရိတ်တွေ မြင့်တက်လာတဲ့အပြင် ငွေကြေးဖောင်းပွမှုကို ဖိအားဖြစ်စေခဲ့ပါတယ်။
အစိုးရက စွမ်းအင်သုံးစွဲမှု လျှော့ချဖို့ လမ်းညွှန်ချက်တွေ ထုတ်ပြန်နိုင်ပြီး ရေနံထွက်ပစ္စည်းတွေရဲ့စျေးနှုန်းကိုလည်း ပြင်ဆင်နိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ခန့်မှန်းထားကြပါတယ်။
အတိုက်အခံများတွေကတော့ မိုဒီရဲ့မှတ်ချက်တွေကို ဝေဖန်ပြီး ဗဟိုအစိုးရရဲ့စီမံကိန်းညံ့ဖျင်းမှုကို ထောက်ပြကာ ပြည်သူတွေအပေါ် တာဝန် လွှဲချတာလို့ ဆိုပါတယ်။
ကွန်ဂရက်ပါတီခေါင်းဆောင် ရာဟူးဂန္ဒီကတော့ "မိုဒီရဲ့ အကြံပြုချက်တွေဟာ တရားဒေသနာတွေမဟုတ်၊ ကျရှုံးမှုရဲ့အထောက်အထားတွေ ဖြစ်တယ်"လို့ လူမှုကွန်ယက် X မှာ ရေးသားခဲ့ပါတယ်။
အီရန်စစ်ပွဲနဲ့ ဟောမုဇ်ရေလက်ကြားပိတ်ဆို့မှုဟာ ကမ္ဘာ့စီးပွားရေး အထူးသဖြင့် အာရှနိုင်ငံတွေကို ထိခိုက်စေပြီး နိုင်ငံအများအပြားလောင်စာဆီစျေးနှုန်းမြင့်တက်မှုဒဏ်ကို ခံစားနေကြရပါတယ်။
အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်(IEA)ကလည်း "သမိုင်းမှာ အကြီးမားဆုံး ထောက်ပံ့ရေးပြတ်တောက်မှု" လို့ ဖော်ပြထားပါတယ်။
စစ်ပွဲစတင်ပြီးနောက်ပိုင်း တရုတ်က ရေနံချက်စက်ရုံတွေကို လောင်စာဆီတင်ပို့မှုရပ်ထားဖို့ အမိန့်ချမှတ်ခဲ့ပြီး သြစတြေးလျမှာတော့ ပြည်နယ်တချို့မှာ ကားသုံးစွဲမှုကို လျော့ချစေဖို့ အများပြည်သူသယ်ယူပို့ဆောင်ရေးကို အခမဲ့ ဒါမှမဟုတ် စီးခတွေ ထက်ဝက်လျှော့ချပေးခဲ့ပါတယ်။
ဖိလစ်ပိုင်မှာ နိုင်ငံရဲ့ အရေးပေါ်အခြေအနေ အခြေအနေ အဖြစ် ကြေညာ ထားရကာ အရပ်ဘက်ဝန်ထမ်းတွေအတွက် လေးရက်နှုန်း အလုပ်ပတ်ကို အကောင်အထည်ဖော်ခဲ့ပါတယ်။
သီရိလင်္ကာကလည်း လောင်စာဆီခွဲတမ်းသတ်မှတ်ကာ လေးရက်နှုန်းအလုပ်ပတ်ကို ပြောင်းလဲခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာ ကျောင်း၊ ကောလိပ်နဲ့ အစိုးရအဖွဲ့အစည်းတွေကို ပိတ်ထားခဲ့ကြပါတယ်။
အိန္ဒိယမှာ အစိုးရပိုင်လောင်စာဆီ ဆိုင်တွေမှာ လက်လီရောင်းချသူများအပေါ် ဖိအားတွေ တိုးလာနေပေမဲ့ ဆိုင်မှာ ဆီဖြည့်သူတွေရဲ့ဓာတ်ဆီနဲ့ ဒီဇယ်စျေးနှုန်းတွေကို ယခုအချိန်အထိ မြှင့်တင်ခြင်း မရှိသေးပါဘူး။
ဒါပေမဲ့ အီရန်မှာဖြစ်နေတဲ့စစ်ပွဲ ရှည်ကြာလာတာနဲ့အမျှ ရေနံထောက်ပံ့ရေး ပြတ်တောက်မှုကစလို့ အလုံးစုံစီးပွားရေးကို ဖိစီးလာပြီဖြစ်ပါတယ်။
သက်ရောက်မှုတွေကတော့ စက်မှုလုပ်ငန်းတွေမှာ အထင်အရှားဖြစ်ပေါ်နေရာမှာ ဖန်၊ ပလတ် စတစ်ထုတ်ကုန်တွေနဲ့ ကြွေပြားထုတ်လုပ်တဲ့စက်ရုံတွေက အလုပ်အကိုင်ရာနှင့်ချီ အလုပ်ထုတ်ခံရတဲ့အခြေအနေကို ရောက်ရှိလာနေပါတယ်။
ဓာတ်မြေဩဇာ စျေးကြီးလာတာနဲ့အတူ စိုက်ပျိုးထွက်ကုန် နည်းပါးလာပြီး စားနပ်ရိက္ခာဈေးနှုန်းတွေ မြင့်တက်လာမှာကို စိုးရိမ်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
ဒါပေမဲ့ အဆိုးရွားဆုံးသက်ရောက်မှုကတော့ အိန္ဒိယငွေကြေး ရူပီးအပေါ် သက်ရောက်မှုရှိနေပြီး မကြာသေးခင်က သီတင်းပတ်တွေအတွင်း စံချိန်တင်အနိမ့်ဆုံးကို ကျဆင်းခဲ့ပါတယ်။ ရလဒ်ကတော့ သွင်းကုန်စရိတ်မြင့်တက်စေတဲ့အပြင် ငွေကြေးဖောင်းပွမှုအပေါ် ဖိအားတွေ ထပ်မံဖြစ်စေခဲ့ပါတယ်။
မိုဒီရဲ့မှတ်ချက်တွေက အစိုးရအနေနဲ့ စွမ်းအင်သုံးစွဲမှု လျှော့ချဖို့ ညွှန်ကြားချက်တချို့ကို မကြာခင် ထုတ်ပြန်နိုင်ကြောင်း လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
ရေနံထွက်ကုန်တွေရဲ့စျေးနှုန်းကို ပြန်လည်ပြင်ဆင်တာလည်း မကြာခင် ဖြစ်ပေါ်လာနိုင်ပါတယ်။
မိုဒီရဲ့မှတ်ချက်တွေကို ဝေဖန်ခဲ့ပြီး ဗဟိုအစိုးရရဲ့စီမံကိန်း ညံ့ဖျင်းမှုကို ထောက်ပြတာလို့ အိန္ဒိယအတိုက်အခံခေါင်းဆောင်တွေက ဆိုပါတယ်။
အစိုးရဟာ "သူ့တာဝန်ကို ပြည်သူတွေဆီ လွှဲချပြီး သူတို့ကိုယ်တိုင် ဖြေရှင်းမှုမရှိဘဲ လွတ်မြောက်နေတယ်" လို့ ကွန်ဂရက်ပါတီခေါင်းဆောင် ရာဟူးဂန္ဒီက ပြောပါတယ်။
"မိုဒီရဲ့အကြံပြုချက်တွေဟာ တရားဒေသနာတွေ မဟုတ်ပါ၊ ဒါတွေဟာ ကျရှုံးမှုရဲ့ အထောက် အထားတွေ" လို့ သူက လူမှုကွန်ရက် X (အရင်က တွစ်တာ) မှာ ရေးသားခဲ့ပါတယ်။
အီရန်စစ်ပွဲနဲ့ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့ခြင်းခံတာက ကမ္ဘာတစ်ဝန်း အထူးသဖြင့် အာရှက စီးပွားရေးတွေကို ထိခိုက်စေခဲ့ပြီး နိုင်ငံအများအပြားဟာ လောင်စာဆီစျေးနှုန်း မြင့်တက်မှုဒဏ်ကို ခံစားနေရပါတယ်။
အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ(IEA)က လက်ရှိအခြေအနေဟာ "သမိုင်းမှာ အကြီးမားဆုံးထောက်ပံ့ရေးအနှောင့်အယှက်" အနေနဲ့ ဖော်ပြခဲ့ပါတယ်။
စစ်ပွဲစတင်ပြီးနောက် ရက်အနည်းငယ်အတွင်း နိုင်ငံအများအပြားက စားသုံးသူတွေနဲ့ စီးပွားရေးအပေါ် သက်ရောက်မှုကို ကန့်သတ်ဖို့ အစီအမံတွေ မိတ်ဆက်ခဲ့ပါတယ်။
တရုတ်က သူ့ရဲ့ရေနံချက်စက်ရုံတွေကို ယာယီလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းဖို့ အမိန့်ပေးခဲ့ ပေမယ့် နိုင်ငံအတွင်း ဓာတ်ဆီစျေးနှုန်း စျေးကြီးလာခဲ့ပြီး တချို့တရုတ်လေကြောင်းလိုင်းတွေဟာ ဂျက်လေယာဉ်ဆီစျေးနှုန်းတွေ မြင့်တက်လာတာနဲ့ အမျှ လေကြောင်းခရီးစဉ် ပျံသန်းမှုတွေကို လျှော့ချခဲ့ပါတယ်။
သြစတြေးလျပြည်နယ်တချို့ကတော့ လူတွေကို မော်တော်ယာဉ်သုံးစွဲမှုလျော့ချဖို့ တွန်းအားပေးပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကို အခမဲ့ဖြစ်စေတာ ဒါမှမဟုတ် ခရီးစဉ်ကြေးတွေကို ထက်ဝက်လျှော့ချပေးတာတွေ လုပ်ခဲ့ပါတယ်။
ဖိလစ်ပိုင်မှာတော့ ပြီးခဲ့တဲ့မတ်လတုန်းက နိုင်ငံအဆင့်အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး အစိုးရက သယ်ယူပို့ဆောင်ရေး ယာဉ်မောင်းတွေကို ထောက်ပံ့ကြေးတွေ ကမ်းလှမ်းကာ ကူးတို့သင်္ဘောဝန်ဆောင်မှုတွေ လျှော့ချခဲ့ပြီး အရပ်ဘက်ဝန်ထမ်းတွေအတွက် တစ်ပတ်ကို လေးရက်နှုန်း အလုပ်လုပ်ရတဲ့အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့ပါတယ်။
သီရိလင်္ကာနိုင်ငံမှာလည်း လောင်စာဆီခွဲတမ်း သတ်မှတ်တဲ့အစီအစဉ်ကို မိတ်ဆက်ခဲ့ပြီး ဗုဒ္ဓဟူးနေ့တိုင်းမှာ ကျောင်းတွေ၊ ကောလိပ်တွေနဲ့ တခြားအစိုးရဌာနတွေကို ပိတ်ကာ ယာယီ အနေနဲ့ အလုပ်ဆင်းရတဲ့ ရက် တစ်ပတ်ကို လေးရက်နှုန်းအစီအစဉ်ကို ပြောင်းလဲခဲ့ပါတယ်။