လှိုင်းကြီးရိုက်လို့ မျောသွားတဲ့ လူနဲ့ခွေး
လှိုင်းကြီးရိုက်လို့ မျောသွားတဲ့ လူနဲ့ခွေး
ရေးသားခဲ့သည်။
အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ် ကန်နွန်ကမ်းခြေမှာ လမ်းလျှောက်နေတဲ့ လူနဲ့ခွေးလေးကို ရုတ်တရက်တက်လာတဲ့ လှိုင်းကြီးတွေက တိုက်ချသွားတာတွေ့ရမှာပါ။ ရပ်ကြည့်နေတဲ့ လူတွေ အလန့်တကြားအော်သံကိုလည်း ကြားရပေမဲ့ လူရောခွေးပါ အန္တရာယ်မရှိခဲ့ဘူးလို့ ရဲတွေက ပြောပါတယ်။
အမေရိကန် အနောက်ဘက်ကမ်းရိုးတန်းတွေမှာ စံချိန်တင်ဒီရေကြီးမှုတွေ၊ လှိုင်းလုံးကြီးတွေ တက်လာတာနဲ့ ရေတွေကြီးနေတာကြောင့် ကမ်းခြေတွေကို မသွားဖို့၊ သွားရင်လည်း သတိထားကြဖို့ တာဝန်ရှိသူတွေက ဆော်သြထားပါတယ်။ •
#မြန်မာပိုင်း #အမေရိကန် #ရာသီဥတု #သဘာဝဘေး



