ဟူသီ တိုက်ခိုက်တာခံနေရတဲ့ ဆော်ဒီထဲက အခြေအနေ

ဗီဒီယို ပုံစာ, ဟူသီ တိုက်ခိုက်တာခံနေရတဲ့ ဆော်ဒီထဲက အခြေအနေ
ဟူသီ တိုက်ခိုက်တာခံနေရတဲ့ ဆော်ဒီထဲက အခြေအနေ
ရေးသားခဲ့သည်။

ဆော်ဒီအာရေဗျ နိုင်ငံဟာ ပြီးခဲ့တဲ့ အပတ်တွေ အတွင်းမှာ တိုက်ခိုက်မှုပေါင်းများစွာကို ရင်ဆိုင်ခဲ့ရပါတယ်။ အိမ်နီးချင်း ယီမင်မှာ စစ်ပွဲ အရှိန် မြင့်တက်လာပြီး၊ ဟူသီ သူပုန်တွေက ဆော်ဒီရဲ့ စီးပွားရေးဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပိုမို လုပ်ဆောင်လာကြတာလည်း ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုတွေကို ပြန်လည် တုံ့ပြန်တဲ့ အနေနဲ့ ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေဟာ ယီမင်ကို လေကြောင်းကနေ တိုက်ခိုက်မှုတွေကိုလည်း တိုးမြှင့်လုပ်ဆောင်နေကြပါတယ်။ ဟူသီရဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်နေရတဲ့ ဆော်ဒီမှာ ဘယ်လို အခြေအနေ ရှိနေပါသလဲ။ ဘီဘီစီရဲ့ နိုင်ငံတကာ ရေးရာ စုံစမ်း ဖော်ထုတ်ရေး သတင်းထောက် နာဝဲလ် အယ်လ် မာဂါဖီ ရီယဒ်မြို့ကနေ ပေးပို့ထားတဲ့ သတင်းကို မသီဒါနွယ်က ပြောပြပေးထားပါတယ်။