ကာဝန် ပြောဆိုချက်နဲ့ ကွဲလွဲနေတဲ့ စစ်မှု မထမ်းမနေရ
ကာဝန် ပြောဆိုချက်နဲ့ ကွဲလွဲနေတဲ့ စစ်မှု မထမ်းမနေရ
ရေးသားခဲ့သည်။
မဖြစ်မနေ စစ်မှုထမ်းရဖို့အတွက် အဓမ္မ ဆင့်ခေါ်တာတွေ၊ စစ်မှုထမ်းဆင့်ခေါ်မှုကို ရှောင်လွှဲဖို့ ငွေကြောင်းတောင်းခံတာတွေကို အရေးယူမယ်ဆိုပြီး ကာကွယ်ရေး ဝန်ကြီး ဖြစ်လာတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောဆိုပါတယ်။ သူဟာ စစ်မှုထမ်း ဗဟို အဖွဲ့ ဥက္ကဋ္ဌ တာဝန်ကို ယူထားသူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့ မြေပြင်မှာတော့ စစ်မှုမထမ်းမနေရ ဆင့်ခေါ်မှုတွေ အတွက် ငွေကြေးတောင်းခံတာ၊ အတင်းအကျပ် ဖမ်းဆီးပြီး လူသစ် စုဆောင်းတာတွေ ဆက်ရှိနေသလို၊ စစ်တပ်က အရာရှိ ဟန်ဆောင်ပြီး ငွေကြေး လိမ်လည် တောင်းခံတာတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။ မသူဇာလင်းက ပြောပြပေးထားပါတယ်။



