မြန်မာကို ငွေကြေး အမည်ပျက်စာရင်းက ဖယ်ရှားဖို့ ဂျပန်ကြိုးစားခဲ့
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၁
ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF) ဟာ မြန်မာနိုင်ငံကို အန္တရာယ်ကြီးမားတဲ့ အမည်ပျက်စာရင်း (Blacklist) ထဲမှာပဲ ဆက်လက်ထားရှိပြီး လေးလ စောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ ဂျပန်ကတော့ အဲဒီမတိုင်ခင် မြန်မာကို အမည်ပျက်စာရင်းကနေ ဖယ်ရှားပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ ဂျပန်အနေနဲ့ ဘာကြောင့်အခုလို လုပ်ဆောင်ခဲ့တာပါလဲ။ မြန်မာနိုင်ငံမှာရှိတဲ့ ဂျပန်ရဲ့ ရင်နှီးမြှုပ်နှံမှု စီမံကိန်းတွေနဲ့ ဆက်စပ်နိုင်ပါသလား။ ဦးမင်းအောင်လှိုင်အစိုးရနဲ့ ဂျပန်အစိုးရအကြား ဘယ်လိုမျိုး ပြန်လည်ထိတွေ့ဆက်ဆံမှုမျိုးတွေ ရှိနေပါသလဲ။ ကိုဟိန်းကိုစိုးက ပြောပြမှာပါ။
ပြင်ဆင်သိမှတ်ပေးပါရန် -
(သတင်းစာသားပါ -၂၀၁၁ ခုနှစ်ကနေ ၂၀၂၁ အာဏာမသိမ်းခင်အထိ …ဖွံ့ဖြိုးရေး ရန်ပုံငွေ ပေးရန်သဘောတူထားသည့် ပမာဏကို ဂျပန်ယန်း ၁.၄ ထရီလီယံ (အမေရိကန် ဒေါ်လာ ၈.၇ ဘီလျံ) ဟု ပြင်ဆင်သိမှတ်ပေးပါရန်)

















