သြစတြေးလျ ခရစ်ယာန် သာသနာပြုပုဂ္ဂိုလ် မြောက်ကိုရီးယားမှာ ဖမ်းဆီးခံရ

အဖမ်းခံရသူ သြစတြေးလျ ခရစ်ယာန် သာသနာပြု John Short
ဓာတ်ပုံ ပုံစာ, အဖမ်းခံရသူ သြစတြေးလျ ခရစ်ယာန် သာသနာပြု John Short
ရေးသားခဲ့သည်။

သြစတြေးလျက ခရစ်ယာန် သာသနာပြု တစ်ဦး မြောက်ကိုရီးယားကို အလည်အပတ် သွားရောက်စဉ် အဖမ်းခံလိုက်ရတယ်လို့ သတင်းတွေ ရရှိပါတယ်။

ဂျွန်ရှော့တ် လို့ အမည်ရတဲ့ ဒီသာသနာပြု ပုဂ္ဂိုလ်ဟာ ကိုရီးယားလို ဘာသာပြန်ထားတဲ့ ခရစ်ယာန် ဘာသာရေး ဆိုင်ရာ စာအုပ်တွေကို သယ်ဆောင်သွားပြီး လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ရှော့တ် မြို့တော် ပြုံယမ်းမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အဖမ်းခံခဲ့ရတယ် ဆိုတာကို သူ့ရဲ့ ဇနီးဖြစ်သူက ပြောပြတာ ဖြစ်ပါတယ်။

အသက် ၇၅ နှစ်အရွယ် သူ့ခင်ပွန်းဟာ သတ္တိရှိသူဖြစ်ပြီး ကွန်မြူနစ်တွေရဲ့ ခြိမ်းခြောက်တာကို ခံမှာ မဟုတ်ဘူးလို့လည်း ဇနီးဖြစ်သူက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယား အာဏာပိုင်တွေဘက်က တစ်စုံတခု ပြောဆိုတာမျိုး မရှိသေးပါဘူး။

မြောက်ကိုးရီးယားဟာ အမေရိကန် သာသနာပြု တစ်ဦး ဖြစ်သူ ကက်နတ် ဘေးကိုလည်း ထိန်းသိမ်းထားတာ တစ်နှစ်ကျော်ကြာ နေပြီ ဖြစ်ပါတယ်။