ကမ္ဘာ့ဖလားကန်တဲ့ကိုယ့်အသင်းနိုင်ဖို့ လောကီအစီအရင်တွေနဲ့အားဆက်ပေးကြသူတွေ

အာဂျင်တီးနားဟာ ၂၀၂၂ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အာဂျင်တီးနားဟာ ၂၀၂၂ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ပါတယ်
    • ရေးသားသူ, လီဘို ဒီဆဲကို
    • ရာထူးတာဝန်, ကမ္ဘာလုံးဆိုင်ရာ ဘာသာရေးသတင်းထောက်
    • ရေးသားပေးပို့သည့်နေရာ, လန်ဒန်
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၆

ဒါလီယာ ဝေါကာကတော့ သူ့နိုင်ငံ အာဂျင်တီးနားအသင်း ပြီးခဲ့တဲ့ FIFA ကမ္ဘာ့ဖလားကို အနိုင်ရခဲ့တာမှာ သဘာဝလွန်စွမ်းအားတစ်ခုခု ပါဝင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။

"အာဂျင်တီးနားကို အနိုင်ရအောင် မှော်ပညာက ကူညီခဲ့တယ်လို့ ကျွန်မထင်တယ်" လို့ ဗွေနိုအေးရီးစ်မြို့မှာ နေထိုင်တဲ့အသက် ၄၁ နှစ်အရွယ် ဒါလီယာက ပြောပါတယ်။

ဒါလီယာဟာ လီယွန်နယ် မက်ဆီနဲ့ အာဂျင်တီးနားအသင်းသားတွေကို အားပေးကူညီဖို့ မှော်အစီအရင်တွေ လုပ်ဆောင်ပြီး ဂါထာမန္တန်တွေ ရွတ်ဖတ်ပေးခဲ့ကြတဲ့ ကိုယ့်ကိုယ်ကိုယ် မှော်ဆရာမလို့ ခေါ်ဆိုကြသူ အစုအဖွဲ့ထဲက တစ်ယောက် ဖြစ်ပါတယ်။

အဲဒီအမျိုးသမီးတွေက သူတို့အဖွဲ့ကို လာ ဘရူဟီနေတာ လို့ ခေါ်ကြပါတယ်။ အဲဒီနာမည်က စပိန်ဘာသာစကားမှာ "မှော်က၀ေဆရာမ" လို့ အဓိပ္ပာယ်ရတဲ့ ဘရူဟာ နဲ့ လက်ရှိနည်းပြ လီယွန်နယ် စကာလိုနီ လက်ထက် အာဂျင်တီးနားအသင်းရဲ့ နာမည်ပြောင် "လာ စကာလိုနေတာ" ကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။

ဒါလီယာရဲ့ပြောကြားချက်အရ လာ ဘရူဟီနေတာ အဖွဲ့ဝင်တွေဟာ ခေတ်သစ်ဝိညာဉ်ရေးရာ မှော်ပညာနည်းလမ်းတွေ၊ ဖယောင်းတိုင်တွေ၊ ဆုတောင်းမှုတွေနဲ့ အဆောင်လက်ဖွဲ့တွေကို အသုံးပြုပြီး အစီအရင်တွေ ပြုလုပ်ခဲ့ကြပါတယ်။

သူတို့ဟာ WhatsApp group တွေနဲ့ လူမှုကွန်ရက်တွေကတစ်ဆင့် အချင်းချင်း ဆက်သွယ်ကြပြီး အသင်းရဲ့ ဘယ်ကဏ္ဍတွေကို အထူးအာရုံစိုက် ကူညီပေးဖို့ လိုအပ်သလဲဆိုတာ ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။

လူကြိုက်များတဲ့ အစီအရင်တွေထဲမှာ ပြိုင်ဘက်အသင်းက ကစားသမားတချို့ရဲ့ စွမ်းဆောင်ရည်တွေကို "အေးခဲသွားအောင်" လုပ်တဲ့ အစီအရင်တွေလည်း ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါလီယာကတော့ အဲဒီလိုလုပ်တာကို သဘောမတူခဲ့ဘူးလို့ ပြောပါတယ်။

အဲဒီအစား ဖယောင်းတိုင်ထွန်းတာ၊ "စွမ်းအင်ကောင်း" တွေ ပို့လွှတ်တာလိုမျိုး ပိုပြီး အကောင်းဘက်ဆောင်တဲ့အစီအရင်တွေကို သူ သဘောကျခဲ့တယ်လို့ ဆိုပါတယ်။

ဒါလီယာ ဝေါ်ကာရဲ့ ဓာတ်ပုံ

ဓာတ်ပုံ ရင်းမြစ်, Dalia F Walker

ဓာတ်ပုံ ပုံစာ, ဒါလီယာကတော့ အာဂျင်တီးနားအသင်းအတွက် သူ့ရဲ့ အစီအရင်ပလ္လင်ပေါ်မှာ ဖယောင်းတိုင်တွေ ထွန်းညှိပြီး ဆုတောင်းပေးသွားမယ်လို့ ပြောပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အာဂျင်တီးနားအသင်းက ၂၀၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ခဲ့တဲ့အခါ "လာ ဘရူဟီနေတာ" အဖွဲ့ဝင်တွေက အဲဒီအောင်မြင်မှုကို သူတို့ရဲ့ကြိုးပမ်းမှုတွေ အရာထင်ခဲ့တယ်ဆိုတဲ့ သက်သေအဖြစ် မြင်ခဲ့ကြပါတယ်။

"ကျွန်မအတွက်တော့ အဲဒီကမ္ဘာ့ဖလားဟာ မှော်ဆရာမတွေရဲ့ ကမ္ဘာ့ဖလား တကယ်ဖြစ်ခဲ့တယ်" လို့ ဒါလီယာက ပြောပါတယ်။

ဒီတစ်ခေါက်မှာလည်း သူဟာ အရင်တုန်းကလိုပဲ အစီအရင်တွေ ပြုလုပ်သွားဖို့ စီစဉ်ထားပြီး သူ့ရဲ့ ဆုတောင်းပလ္လင်ပေါ်မှာ အာဂျင်တီးနားအသင်းရဲ့အပြာနဲ့ အဖြူရောင် ဖယောင်းတိုင်တွေ ထွန်းညှိသွားမယ်လို့ ဆိုပါတယ်။

"အာဂျင်တီးနားမှာ တစ်ခုခု အလုပ်ဖြစ်ခဲ့ရင် နောက်တစ်ကြိမ်မှာလည်း အဲဒီအတိုင်း အတိအကျ ပြန်လုပ်ရတယ်ဆိုတဲ့အယူသီးမှု ရှိတယ်" လို့ သူက ပြောပါတယ်။

"လာ စကာလိုနေတာ" ကို အားပေးနေတဲ့ ပရိသတ်တွေတင် သဘာဝလွန်စွမ်းအားတွေရဲ့ အကူအညီကို မျှော်လင့်ကြတာ မဟုတ်ပါဘူး။ ပီရူးနိုင်ငံမှာလည်း ၂၀၂၂ ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့အတွက် ပီရူးရိုးရာနတ်ဆရာတွေက မြို့တော် လီမာမြို့ မှာ အစီအရင်တစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့အသင်းက ဩစတြေးလျအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ၅-၄ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

အာဖရိကတိုက်တဝန်းမှာလည်း ဝိညာဉ်ရေးနဲ့ ယုံကြည်မှုဆိုင်ရာ အစဉ်အလာတွေဟာ နေ့စဉ်ဘဝနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေပြီး၊ ဘောလုံးလောကမှာလည်း အဲဒီအတိုင်းပဲ ဖြစ်ပါတယ်။

အစီအရင်နဲ့ အဆောင်လက်ဖွဲ့များ

တချို့သူတွေအတွက်တော့ အဲဒီလို ဝိညာဉ်ရေးရာ ယုံကြည်မှုတွေဟာ ဒေသခံတိုင်းရင်းသားတွေရဲ့ ရိုးရာယုံကြည်မှုစနစ်တွေနဲ့ ရိုးရာဆရာတွေကို အားထားခြင်းကို ဆိုလိုပါတယ်။

၂၀၀၂ ခုနှစ်မှာ အာဖရိကန် ဘောလုံး (Confederation of African Football - CAF) က အာဖရိကနိုင်ငံများဖလားပြိုင်ပွဲ (Africa Cup of Nations) ဝင်ရောက်ယှဉ်ပြိုင်တဲ့အသင်းတွေအတွင်းမှာ "အသင်းအကြံပေး" လို့ ခေါ်တဲ့သူတွေကို တာဝန်ထမ်းဆောင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ အဲဒီ "အသင်းအကြံပေး" ဆိုတာဟာ တကယ်တော့ ရိုးရာဝိညာဉ်ရေးရာ ကုသဆရာတွေကို ရည်ညွှန်းတဲ့ သွယ်ဝိုက်ပြောတဲ့အသုံးအနှုန်းတစ်ခု ဖြစ်ပါတယ်။

ဘောလုံးသတင်းထောက် မာဟာ မီဇာဟီရဲ့ပြောကြားချက်အရ အခုချိန်အထိလည်း ရိုးရာယုံကြည်မှုတွေကို အားထားတဲ့ အမာခံပရိသတ်တွေ ရှိနေဆဲဖြစ်ပြီး သူတို့ဟာ ကွင်းအတွင်းမှာ ကခုန်အားပေးရင်း အဆောင်လက်ဖွဲ့တွေ၊ လည်ဆွဲအဆောင်တွေ ဝတ်ဆင်ကြသလို တချို့က မီးမှုတ်ပြတာမျိုးအထိ လုပ်ဆောင်ကြပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ နိုင်ဂျီးရီးယားအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲကနေ ထွက်ခွာခဲ့ရတဲ့အခါ အသင်းနည်းပြအဲရစ် ရှဲလ် က ပြိုင်ဘက် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC)အသင်းဟာ "ဗူးဒူး " ခေါ် ဝိညာဉ်ရေးရာ မှော်အတတ်တွေကို အသုံးပြုခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဒါပေမဲ့ DRC အသင်းနည်းပြဟောင်း ဖလော်ရန် အီဘန်ဂျီကတော့ အဲဒီစွပ်စွဲချက်ကို "အဓိပ္ပာယ်မရှိတဲ့ စကား" အဖြစ် ပယ်ချခဲ့ပါတယ်။

နိုင်ဂျီးရီးယားအသင်းနည်းပြ အဲရစ်ရှဲလ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နိုင်ဂျီးရီးယားအသင်းနည်းပြ အဲရစ် ရှဲလ်က ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအသင်းဟာ ဗူးဒူး (voodoo) မှော်အတတ်တွေကို အသုံးပြုခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်

But there are those who would argue that there's a vast difference between carrying out rituals to affect the opposing team's performance or influence a game's outcome, versus praying for God's blessing more generally.

ဒီလို "မှော်အတတ်" တွေနဲ့ ဆက်စပ်နေတယ်လို့ ယူဆခံရမှာ စိုးရိမ်တာကြောင့် လူအများအပြားဟာ ရိုးရာဝိညာဉ်ရေးရာ ဓလေ့ထုံးတမ်းတွေမှာ ပါဝင်ပတ်သက်ကြောင်းကို ပွင့်ပွင့်လင်းလင်း ဝန်ခံဖို့ ဝန်လေးကြတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

"ဘောလုံးလောကက ဥရောပ ဗဟိုပြု သဘောထားရှိတယ်" လို့ မာဟာ မီဇာဟီ က ပြောပါတယ်။

"အကြီးဆုံးကလပ်အသင်းတွေက အဲဒီမှာရှိတယ်၊ အကောင်းဆုံး ကစားသမားတွေကလည်း အဲဒီမှာ ကစားကြတယ်။ ဒါကြောင့် ဥရောပနဲ့ မရင်းနှီးတဲ့ အရာမှန်သမျှကို သံသယနဲ့ ကြည့်တာမျိုး၊ ဒါမှမဟုတ် သံသယဝင်စရာအဖြစ် သဘောထားတာမျိုး ရှိတတ်တယ်" လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ သူ့အမြင်အရတော့ အဲဒါဟာ "အာဖရိကသားတွေ ရှက်စရာကောင်းတဲ့ အရာတစ်ခု မဟုတ်ဘူး" လို့ ပြောပါတယ်။ "ဒါဟာ ကျွန်တော်တို့ နေ့စဉ်ဘဝထဲမှာ လက်တွေ့ကျင့်သုံးနေတဲ့ အရာတစ်ခု ဖြစ်တယ်" လို့ သူက ဆိုပါတယ်။

အာဖရိကရဲ့ "ရိုးရာဝိညာဉ်ရေးရာ ဓလေ့ထုံးတမ်းတွေဟာ နောက်ကျကျန်ရစ်နေတယ်၊ ပိုမိုမဖွံ့ဖြိုးသေးဘူး၊ ဒါမှမဟုတ် တတိယကမ္ဘာဆန်တယ်" လို့ လက်ခံလိုက်ခြင်းက အနောက်တိုင်းက လာတာမှန်သမျှ အကောင်းဆုံးဆိုတဲ့အယူအဆကို ပိုမိုခိုင်မာသွားစေတယ်လို့လည်း သူက စောဒကတက်ပါတယ်။

ဒါပေမဲ့ တချို့ကတော့ ပြိုင်ဘက်အသင်းရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေဖို့၊ ဒါမှမဟုတ် ပွဲရလဒ်ကို လွှမ်းမိုးနိုင်ဖို့ ရည်ရွယ်ပြီး အစီအရင်တွေ ပြုလုပ်တာနဲ့ ဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာကို ရိုးရိုးရှင်းရှင်း ဆုတောင်းတာတို့ကြားမှာ ကြီးမားတဲ့ကွာခြားချက်ရှိတယ်လို့ ထောက်ပြကြပါတယ်။

ဘုရားသခင်သည်သာ အားထားရာ

Ghana's Sports Minister Kofi Iddie Adams asked a congregation at a recent church service to pray for the national team, who are affectionately known as The Black Stars.

The Ghana Football Association (GFA) has also sought prayer from the country's two largest religious groups, Christians and Muslims. A national Christian service was held in Accra, offering prayer for The Black Stars – ahead of what the GFA called "football's biggest stage".

ဘောလုံးကို အားပေးတဲ့ အာဖရိကပရိသတ်တွေနဲ့ အသင်းတွေဟာ ခရစ်ယာန်ဘာသာနဲ့ အစ္စလာမ်ဘာသာလို အာဗြဟံဘာသာဝင် ယုံကြည်မှုတွေကို လက်ခံယုံကြည်ကြောင်း ပိုပြီး ပွင့်ပွင့်လင်းလင်း ဖော်ပြလေ့ရှိကြတယ်လို့ မာဟာ မီဇာဟီက ပြောပါတယ်။

အယ်လ်ဂျီးရီးယား ပရိသတ်တွေ အများဆုံးဟစ်ကြွေးလေ့ရှိတဲ့ ကြွေးကြော်သံတစ်ခုကတော့ အလ္လာဟ်ရှင်မြတ်က သူတို့အသင်းကို ကာကွယ်စောင့်ရှောက်ပြီး အကူအညီပေးဖို့ တောင်းဆိုတဲ့ ဆုတောင်းချက် ဖြစ်ပါတယ်။

"အထူးသဖြင့် အနောက်အာဖရိကနိုင်ငံတွေဖြစ်တဲ့ ဂါနာ ဒါမှမဟုတ် နိုင်ဂျီးရီးယား အသင်းတွေကို ကြည့်လိုက်ရင် ပွဲတိုင်းမှာ ဂေါ့စ်ပယ် ဘာသာရေးသီချင်းတွေ ဖွင့်ကြတယ်" လို့ မီဇာဟီက ဆိုပါတယ်။

ဂါနာနိုင်ငံ အားကစားဝန်ကြီး ကိုဖီ အိုင်ဒီ အဒမ်စ် ကလည်း မကြာသေးခင်က ဘုရားကျောင်းဝတ်ပြုအစည်းအဝေးတစ်ခုမှာ တက်ရောက်လာသူတွေကို "ဘလက်ခ် စတားစ်" (The Black Stars) လို့ ချစ်စနိုးခေါ်ကြတဲ့ ဂါနာလက်ရွေးစင်အသင်းအတွက် ဆုတောင်းပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဂါနာဘောလုံးအဖွဲ့ချုပ်(GFA)ကလည်း နိုင်ငံအတွင်း အကြီးဆုံးဘာသာရေးအုပ်စုနှစ်ခုဖြစ်တဲ့ ခရစ်ယာန်တွေနဲ့ မွတ်စလင်တွေဆီက ဆုတောင်းမေတ္တာတွေ တောင်းခံခဲ့ပါတယ်။

GFA က "ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး စင်မြင့်" လို့ ခေါ်ဆိုတဲ့ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီမှာပဲ မြို့တော်အက်ခရာမှာ "ဘလက်ခ် စတားစ်" အသင်းအတွက် အထူးဆုတောင်းပွဲတစ်ခုကို ခရစ်ယာန်ဘာသာဝင်တွေ ဦးဆောင်ကျင်းပခဲ့ကြပါတယ်။

ဇွန်လအတွင်း ဝေးလ်စ်အသင်းနှင့် ခြေစမ်းပွဲတစ်ပွဲကို တက်ရောက်အားပေးကြတဲ့ ဂါနာလက်ရွေးစင်အသင်း ပရိသတ်များ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဇွန်လအတွင်း ဝေးလ်စ်အသင်းနဲ့ ခြေစမ်းပွဲတစ်ပွဲကို တက်ရောက်အားပေးကြတဲ့ ဂါနာလက်ရွေးစင်အသင်း ပရိသတ်များ

And the GFA, joined their country's national Imam for Islamic prayers ahead of the tournament, with the cleric "invoking divine guidance and blessings upon the team", the GFA said in a statement.

"We believe that God is at the centre of everything we do," says Nathan Laryea, a journalist based in Accra. He explained how important faith is in Ghanaian culture.

"Yes, human efforts [matter] but this is the special, blessed, icing on the cake that we need to be able to deliver.

"That's why offering prayer and asking for God's protection and guidance is important."

ဒါ့အပြင် ဂါနာဘောလုံးအဖွဲ့ချုပ်(GFA) တာဝန်ရှိသူတွေဟာ ပြိုင်ပွဲမတိုင်ခင်မှာ နိုင်ငံရဲ့ အမျိုးသား အီမမ်နဲ့အတူ အစ္စလာမ်ဘာသာရေး ဆုတောင်းပွဲတစ်ခု ကျင်းပခဲ့ကြပါတယ်။

အဲဒီဆုတောင်းပွဲအတွင်း အီမမ်က "အသင်းအပေါ် ဘုရားသခင်ရဲ့လမ်းညွှန်မှုနဲ့ ကောင်းချီးမင်္ဂလာတွေ သက်ရောက်ပါစေ" ဆိုပြီး ဆုတောင်းပေးခဲ့တယ်လို့ GFA က ထုတ်ပြန်ချက်တစ်စောင်မှာ ဖော်ပြခဲ့ပါတယ်။

"ကျွန်တော်တို့ လုပ်သမျှအရာတိုင်းရဲ့ဗဟိုချက်မှာ ဘုရားသခင်ရှိတယ်လို့ ယုံကြည်ပါတယ်" လို့ မြို့တော်အက်ခရာ (Accra)အခြေစိုက် သတင်းထောက် နေသန် လာရီယာက ပြောပါတယ်။

သူက ဂါနာနိုင်ငံရဲ့ယဉ်ကျေးမှုထဲမှာ ဘာသာရေးယုံကြည်မှု ဘယ်လောက်အရေးပါသလဲဆိုတာကိုလည်း ရှင်းပြခဲ့ပါတယ်။

"ဟုတ်ပါတယ်၊ လူတွေရဲ့ ကြိုးစားအားထုတ်မှုက အရေးကြီးပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော်တို့ အောင်မြင်မှုရဖို့ လိုအပ်တဲ့ ထူးခြားတဲ့ ကောင်းချီးမင်္ဂလာတစ်ခုလိုပါပဲ။

ဒါကြောင့် ဆုတောင်းတာ၊ ဘုရားသခင်ရဲ့ ကာကွယ်စောင့်ရှောက်မှုနဲ့ လမ်းညွှန်မှုကို တောင်းခံတာက အရေးကြီးတာ ဖြစ်ပါတယ်" လို့ သူက ဆိုပါတယ်။

ဘရာဇီးလ်အသင်း ကစားသမား ကာကာ က သူ့ရဲ့ ခရစ်ယာန်ဘာသာရေး ယုံကြည်မှုကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသခဲ့သူ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘရာဇီးလ်အသင်း ကစားသမား ကာကာ က သူ့ရဲ့ ခရစ်ယာန်ဘာသာရေး ယုံကြည်မှုကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသခဲ့သူ ဖြစ်ပါတယ်

ဘောလုံးနဲ့ ဘာသာရေးယုံကြည်မှုတို့မှာ အာဖရိကတိုက်မှာလိုပဲ နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေတဲ့ နောက်ထပ်နိုင်ငံတစ်နိုင်ငံ ရှိမယ်ဆိုရင် အဲဒါဟာ ဘရာဇီးပဲ ဖြစ်နိုင်တယ်လို့ မာဟာ မီဇာဟီက ပြောပါတယ်။

"ကျွန်တော် ငယ်ငယ်တုန်းက ဘာသာရေးယုံကြည်မှုကို အထင်ရှားဆုံး ထုတ်ဖော်ပြသတာ မြင်ဖူးခဲ့တာက ဘရာဇီးအသင်း ၂၀၀၂ ကမ္ဘာ့ဖလား အနိုင်ရခဲ့တုန်းကပါပဲ" လို့ သူက ဆိုပါတယ်။

"ကာကာ လို့ ခေါ်တဲ့ ကစားသမားတစ်ယောက်က သူ့ရဲ့အပေါ်အင်္ကျီကို ချွတ်လိုက်တော့ အောက်မှာ ကျွန်ုပ်ကို ဘုရားပိုင်တယ်လို့ ရေးထားတဲ့အင်္ကျီတစ်ထည် ဝတ်ထားတာ တွေ့ရတယ်။

''ဒါဟာ စိတ်ဝင်စားဖို့ ကောင်းလိုက်တာ' လို့ ကျွန်တော် တွေးမိခဲ့တယ်။ အဲဒီမတိုင်ခင်က အင်္ကျီအောက်မှာ အဲဒီလို စာတန်းပါတဲ့ အင်္ကျီ ဝတ်ထားနိုင်တယ်ဆိုတာမျိုး မတွေးဖူးခဲ့ဘူး" လို့ မီဇာဟီက ပြန်လည်အမှတ်ရ ပြောပါတယ်။

အဲဒီလုပ်ရပ်ဟာ "ကမ္ဘာကြီးဆီ ပေးပို့တဲ့သတင်းစကားတစ်ခု" ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲဆီသွားဖို့ ထွက်ခွာခဲ့တဲ့ဘရာဇီးအသင်းရဲ့နှုတ်ဆက်ပို့ဆောင်ပွဲမှာလည်း အလားတူသဘောမျိုး တွေ့ရပါတယ်။ အသင်းလိုက်ပါမယ့်လေယာဉ် မထွက်ခွာခင်မှာ ပြေးလမ်းပေါ် ရပ်ထားတဲ့လေယာဉ်ကို မီးသတ်ကားတွေ အသုံးပြုပြီး "မင်္ဂလာပေး" ဒါမှမဟုတ် "ကောင်းချီးပေး" ခဲ့ကြပါတယ်။

လေကြောင်းခရီးသွားတဲ့အခါ ဆုတောင်းပေးကြတဲ့ အစဉ်အလာအရ အဲဒီလို ကောင်းချီးပေးမှုမျိုးကို ပထမဆုံး ခရီးစဉ်တွေ ဒါမှမဟုတ် အရေးကြီးတဲ့ ခရီးစဉ်တွေ မစတင်ခင် ပြုလုပ်လေ့ရှိပါတယ်။

ဒီတစ်ခေါက်မှာတော့ ဘရာဇီးလ်ပရိသတ်တွေဟာ အဲဒီကောင်းချီးပေးမှုက သူတို့နိုင်ငံရဲ့ စံချိန်တင် ကမ္ဘာ့ဖလား ချန်ပီယံငါးကြိမ် ရရှိထားတာကို ချန်ပီယံခြောက်ကြိမ်အဖြစ် ပြောင်းလဲပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။