ကင်ဆာနောက်ဆုံးဆင့်မိခင်အတွက် သမီးက ဆေးရုံမှာ မင်္ဂလာဆောင်

ဗီဒီယို ပုံစာ, ကင်ဆာနောက်ဆုံးအဆင့်မိခင်အတွက် သမီးဖြစ်သူက ဆေးရုံမှာ မင်္ဂလာဆောင်
ကင်ဆာနောက်ဆုံးဆင့်မိခင်အတွက် သမီးက ဆေးရုံမှာ မင်္ဂလာဆောင်
ရေးသားခဲ့သည်။

ဟောင်ကောင်မှာ ကင်ဆာဝေဒနာ နောက်ဆုံးဆင့်ရောက်နေတဲ့ မိခင်တစ်ယောက် သူ့သမီးရဲ့ မင်္ဂလာပွဲကို တက်နိုင်အောင် ဆေးရုံဝန်ထမ်းတွေက ဆေးရုံဆောင်မှာပဲ အခမ်းအနားလုပ်ပေးခဲ့ပါတယ်။ ကေသီနဲ့ ကားတစ်တို့က ဘုရားကျောင်းမှာ မင်္ဂလာဆောင်ကြဖို့ မူလက စီစဥ်ထားခဲ့တာပါ။

ကေသီရဲ့မိခင် ယူဝင်ဖောင်းက ဆေးရုံပေါ်မှာ အောက်ဆီဂျင်တပ်လို့ နေနေရတာမို့ ဆေးရုံမှာပဲ မင်္ဂလာပွဲလုပ်ခဲ့ပါတယ်။ ယူဝင်က သတို့သားနဲ့ သတို့သမီးကို သြဝါဒစကားပြောပေးခဲ့ပြီး ရိုးရာလက်ဖက်ရည်ပွဲကိုလည်း ပါဝင်ဆင်နွှဲခဲ့ပါတယ်။ •

#ဘီဘီစီမြန်မာပိုင်း #မင်္ဂလာပွဲ #မိခင် #သတို့သမီး #ဟောင်ကောင်