ယူကေရဲ့ အကြီးဆုံး အာကာသကြည့် ရေဒီယို တယ်လီစကုပ်ရဲ့ အနာဂတ်
ယူကေရဲ့ အကြီးဆုံး အာကာသကြည့် ရေဒီယို တယ်လီစကုပ်ရဲ့ အနာဂတ်
ရေးသားခဲ့သည်။
စကြဝဠာရဲ့ လျှို့ဝှက်နက်နဲမှုတွေကို ဖော်ထုတ်နားလည်နိုင်ဖို့ ယူကေက ချက်ရှိုင်းယားဒေသက ဂျော်ဒဲလ်ဘန့်ခ် မှာရှိတဲ့ အာကာသကြည့် ရေဒီယို တယ်လီစကုပ်ကြီးဟာ နှစ်ပေါင်း ၇၀ ကျော်ကြာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာခဲ့ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ အဲဒီဌာနရဲ့ အနာဂတ်ဟာ မသေချာမရေရာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဗြိတိသျှ အစိုးရက အဲဒီ အတွက် ငွေကြေးထောက်ပံ့မှုကို ၂၀၂၈ ခုနှစ်မှာ ဖြတ်တောက်တော့မှာ ဖြစ်ပါတယ်။ ဂျော်ဒဲလ်ဘန့်ခ် နဲ့ သူတို့နဲ့ ချိတ်ဆက်ထားတဲ့ တယ်လီစကုပ်ကွန်ရက်ဟာ ဝေးကွာလှတဲ့ ဂလက်ဆီတွေကို လေ့လာသုတေသနပြုနိုင်ဖို့ အထောက်အကူပြုနေသလို အနာဂတ် နက္ခတ္တဗေဒပညာရှင် မျိုးဆက်သစ်တွေကိုလည်း လေ့ကျင့်ပျိုးထောင်ပေးနေတာပါ။ သိပ္ပံသတင်းထောက် ပါလပ် ဂို့ရှ်ရဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြမှာပါ။



