ရုရှားသင်္ဘောတွေကို တိုက်ခိုက်ခဲ့ပုံကို ယူကရိန်းထုတ်ပြန်

ဗီဒီယို ပုံစာ, ရုရှားသင်္ဘောတွေကို တိုက်ခိုက်ခဲ့ပုံကို ယူကရိန်းထုတ်ပြန်
ရုရှားသင်္ဘောတွေကို တိုက်ခိုက်ခဲ့ပုံကို ယူကရိန်းထုတ်ပြန်
ရေးသားခဲ့သည်။

နိုဝင်ဘာ ၂၂ တနင်္ဂနွေနေ့က လစ်ဗျားကမ်းလွန်မှာ ရပ်ထားတဲ့ ရုရှားသင်္ဘောတွေကို တိုက်ခိုက်ခဲ့တဲ့ပုံတွေဆိုပြီး ယူကရိန်းသမ္မ ဇာလန်းစကီးက ဆိုရှယ်မီဒီယာကနေ ထုတ်ပြန်ပါတယ်။ ယူကရိန်းဒရုန်းတွေက ရုရှားစစ်သင်္ဘောတစ်စင်းကို နှစ်မြှုပ်နိုင်ခဲ့ပြီး လက်နက်တွေ သယ်ပို့ပေးနေတယ်ဆိုတဲ့ နောက်ထပ်ကုန်သင်္ဘောကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ ဇာလန်းစကီးက ပြောပါတယ်။ ဘီဘီစီက စိစစ်အတည်ပြုချက်အရလည်း လစ်ဗျားက ဘင်ဂါဇီဆိပ်ကမ်းမှာ သင်္ဘောတစ်စင်းမီးလောင်နေတာကို တွေ့ရပါတယ်။ •

#ဘီဘီစီမြန်မာပိုင်း #ရုရှား #ယူကရိန်း #ဇာလန်းစကီး #လစ်ဗျား