Facebook သုံးမရတဲ့ပြဿနာကမ္ဘာတစ်ဝန်း ကြုံတွေ့

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
Facebook (ဖေ့ဘွတ်ခ်)လူမှုကွန်ရက်ကို ဝင်ရောက်အသုံးပြုမရတဲ့ ပြဿနာကို ကမ္ဘာတစ်ဝန်းက သုံးစွဲသူတချို ဒီကနေ့ ဇွန်လ ၁၂ ရက်ညပိုင်းမှာကြုံတွေ့နေကြတယ်လို သိရပါတယ်။
သုံးစွဲသူတွေဟာ Facebook account တွေကို login ဝင်မရတာ၊ အပီလီကေးရှင်း နဲ့ ဝက်ဘ်ဆိုက်ကို ဖွင့်မရတာမျိုး ကြုံတွေ့နေကြတယ်လို တခြားလူမှုကွန်ရက်တွေပေါ်မှာ ရေးသားနေကြပါတယ်။
ဝင်ရောက်ဖို ကြိုးစားတဲ့အခါ "An unexpected error occurred" ဆိုတဲ့ error message ပေါ်လာတာမျိုးရှိသလို Facebook website မှာလည်း "Something went wrong" ဆိုတဲ့ အသိပေးစာ ပေါ်ထွက်နေတယ်လို သုံးစွဲသူတချိုက ပြောပါတယ်။
ဝန်ဆောင်မှု ပြတ်တောက်မှုတွေကို စောင့်ကြည့်တဲ့ Downdetector ဝက်ဘ်ဆိုက်မှာလည်း Facebook နဲ့ပတ်သက်တဲ့ တိုင်ကြားမှုတွေ အချိန်တိုအတွင်း မြင့်တက်လာခဲ့ပါတယ်။
Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ကတော့ ဒီပြဿနာရဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး တရားဝင် ရှင်းလင်းချက် ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
Facebook ဟာ ကမ္ဘာတစ်ဝန်း သုံးစွဲသူ ဘီလီယံနဲ့ချီ ရှိတဲ့ လူမှုကွန်ရက်ဖြစ်ပြီး အရင်ကလည်း ဝန်ဆောင်မှု ပြတ်တောက်မှုတွေ ဖြစ်ပွားခဲ့ဖူးကာ သုံးစွဲသူအများအပြားကို ထိခိုက်စေခဲ့ပါတယ်။
Facebook၊ Instagram နဲ့ Messenger အသုံးပြုသူ ထောင်ပေါင်းများစွာဟာ ဇွန် ၁၂ ရက်မှာ ဝန်ဆောင်မှု ပြတ်တောက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ အင်တာနက်ဝန်ဆောင်မှု ပြဿနာတွေကို စောင့်ကြည့်တဲ့ Downdetector က ဖော်ပြပါတယ်။
အသုံးပြုသူတွေရဲ့ တိုင်ကြားချက်တွေကို အခြေခံပြီး ဝန်ဆောင်မှု ပြတ်တောက်မှုတွေကို ခြေရာခံတဲ့ Downdetector ရဲ့ အချက်အလက်တွေအရ Facebook မှာ ဇွန် ၁၂ ရက် မနက် ၉ နာရီခွဲခန့်ကစပြီး ပြဿနာတက်တယ်လို့ တိုင်ကြားသူ ၇၀,၀၀၀ နီးပါး ရှိခဲ့ပါတယ်။
Instagram မှာလည်း အသုံးပြုသူ ၃,၀၀၀ ခန့်က ပြဿနာတွေ ကြုံတွေ့ရကြောင်း တိုင်ကြားခဲ့ပါတယ်။ Messenger မှာလည်း တိုင်ကြားမှုတွေ မြင့်တက်လာခဲ့ပေမဲ့ Messenger အတွက် သီးသန့်စာမျက်နှာကို ဝင်ရောက်ကြည့်ရှုရာမှာ 404 error ပေါ်နေခဲ့တယ်လို့ Downdetector က ဖော်ပြထားပါတယ်။
ဖေ့ဘွတ်ခ်နဲ့ပတ်သက်တဲ့သတင်းတွေကို ဒီစာမျက်နှာမှာဆက်ပြီးဖြည့်စွက်ပေးနေမှာဖြစ်ပါမယ်။








