မြောက်ကိုရီးယား အကျဉ်းစခန်း ပုံတွေ ထုတ်ဖော်

ရေးသားခဲ့သည်။
မြောက်ကိုရီးယား နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေကို ထားတဲ့ အကျဉ်းစခန်းကြီး တွေရဲ့ ဂြိုဟ်တုကနေ မြင်ရတဲ့ ရုပ်ပုံတွေကို Amnesty International နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Kwanliso sixteen ဆိုတဲ့ စခန်း တစ်ခုတည်းတင် ၅၀၀ စတုရန်း ကီလိုမီတာလောက် ရှိလို့ အမေရိကန် က မြို့ကြီး တစ်ခုစာလောက် ရှိတယ်လို့ AI အဖွဲ့က ခန့်မှန်းပါတယ်။
စခန်း တာဝန်ခံ အရာရှိဟောင်း တစ်ယောက်ကတော့ တချို့ အကျဉ်းသားတွေဟာ သူတို့ အသတ်မခံရခင် ကိုယ့်ကို မြှုပ်မယ့် တွင်းကို ကိုယ်တိုင် တူးခိုင်းတာ ခံခဲ့ကြရတယ်လို့ ပြောတာကိုလည်း Amnesty International က ကိုးကား ပြောဆိုပါတယ်။
အဲဒီ အကျဉ်းစခန်းတွေမှာ နိုင်ငံရေး အကျဉ်းသား နှစ်သိန်းလောက်အထိ ထားရှိတယ်လို့ လူ့အခွင့်အရေး အဖွဲ့က ပြောပါတယ်။
မြောက်ကိုရီးယား ဘက်ကတော့ အဲဒီလို စခန်းမျိုး သူတို့ဆီမှာ မရှိဘူးလို့ ငြင်းဆိုပါတယ်။




