သမ္မတ ထရမ့် ထိန်းချုပ်ရေး ဒီမိုကရက်တွေ ဦးစားပေး

ဗီဒီယို ပုံစာ, သမ္မတ ထရမ့် ထိန်းချုပ်ရေး ဒီမိုကရက်တွေ ဦးစားပေး
သမ္မတ ထရမ့် ထိန်းချုပ်ရေး ဒီမိုကရက်တွေ ဦးစားပေး
ရေးသားခဲ့သည်။

အမေရိကန် သမ္မတ သက်တမ်းဝက် ရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီရဲ့ အောင်ပွဲခံ ရိုက်ခတ်မှုတွေဟာ ပြည်တွင်းမှာသာမက ကမ္ဘာတဝန်းမှာပါ ဆက်လက် ခံစားနေရဆဲ ဖြစ်ပါတယ်။ ဒီမိုကရက်တစ်ပါတီဟာ အထက်လွှတ်တော် နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးကို ရီပတ်ဘလီကန်တွေဆီကနေ ပြန်လည် ထိန်းချုပ် နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အောက်လွှတ်တော်မှာ ဒီမိုကရက်တစ်ပါတီက အနည်းဆုံး အမတ် နေရာ ၂၄၀ ကို ရရှိထားပြီး၊ ရီပတ်ဘလီကန်ပါတီက ၁၄၇ နေရာသာ ရရှိခဲ့ပါတယ်။ အထက်လွှတ်တော် ဆီးနိတ်မှာ ဒီမိုကရက်တစ် ပါတီက အမတ် နေရာ ၅၄ နေရာ ရရှိခဲ့ပြီ၊ ရီပတ်ဘလီကန်က ၄၄ နေရာ ရရှိခဲ့တာဖြစ်ပါတယ်။ အလက်စကာနဲ့ မစ္စစ္စပီ ပြည်နယ်တွေက မဲရေတွက်မှုတွေ မပြီးသေးသလို၊ ရလဒ် အရ အကြိတ်အနယ် ရှိနေတယ်လို့ သိရပါတယ်။ ရီပတ်ဘလီကန် ပါတီဘက်က သူတို့ ရင်ဆိုင်ခဲ့ရတဲ့ အဆိုးရွားဆုံး သမ္မတ သက်တမ်းဝက် ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို လက်ခံ ရင်ဆိုင်လာကြပြီး၊ သမ္မတ ထရမ့် သက်တမ်းလွန် ကာလ အတွက်လည်း ပြင်ဆင် စဉ်းစားလာကြပြီ ဖြစ်ပါတယ်။ မစ္စတာ ထရမ့်နဲ့ နီးကပ်သူ တချို့ဟာ သမ္မတ နဲ့ ခပ်ခွာခွာ ပုံစံမျိုး ပြောဆိုလာကြပြီး၊ အဲဒီ အထဲမှာ ဒုတိယ သမ္မတ ဂျေဒီ ဗန့်စ် ရဲ့ ပြောဆိုမှုတွေဟာ ထင်ရှားပါတယ်။ ဘီဘီစီ မြောက်အမေရိက ဆိုင်ရာ အယ်ဒီတာ ဆာရာ စမစ်ရဲ့ သတင်းကို မသီရိဇော်က ပြောပြပေးမှာပါ။