ကင်ဂျုံအွန်းရဲ့သမီး စကီးစီးစွမ်းရည်ပြ

ဗီဒီယို ပုံစာ, ကင်ဂျုံအွန်းရဲ့သမီး စကီးစီးစွမ်းရည်ပြ
ကင်ဂျုံအွန်းရဲ့သမီး စကီးစီးစွမ်းရည်ပြ
ရေးသားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ သူ့မိသားစု၊ ပါတီခေါင်းဆောင်တွေနဲ့ အတူ ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံမြောက်ပိုင်း တရုတ်နဲ့ နယ်စပ်နားက ခရီးသွားတွေလာရောက်ဖို့ ဖွင့်ထားတဲ့ အပန်းဖြေစခန်းတစ်ခုကို သွားခဲ့တာကို နိုင်ငံပိုင်မီဒီယာက ထုတ်လွှင့်ပြသခဲ့ပါတယ်။ အဲဒီပြကွက်မှာ သူ့သမီး ကင်မ်ဂျူအေးက ခေါင်းဆောင်းမဝတ်ထားဘဲ တောင်စောင်းကနေ နှင်းလျောစီးဆင်းပြခဲ့တာလည်း ပါဝင်ပါတယ်။ တရုတ်မှာ အမေရိကန်သမ္မတနဲ့ ရုရှားသမ္မတို့ရောက်ရှိနေပြီး ကင်မ်ဂျုံအွန်းနဲ့တွေ့ဆုံနိုင်ဖွယ် ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ •

#ဘီဘီစီမြန်မာပိုင်း #မြောက်ကိုရီးယား #ကင်မ်ဂျုံအွန်း #ကင်မ်ဂျူအေး