အိန္ဒိယစက်ရုံတွေ အေအိုင် လေ့ကျင့်
အိန္ဒိယစက်ရုံတွေ အေအိုင် လေ့ကျင့်
ရေးသားခဲ့သည်။
အိန္ဒိယနိုင်ငံမှာ ကဏ္ဍအသီးသီးမှာ အလုပ်လုပ်နေသူတွေရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို မှတ်တမ်းတင်ပြီး နည်းပညာကုမ္ပဏီကြီးတွေဆီ ပေးပို့ကာ အနာဂတ်စက်ရုပ်တွေကို လေ့ကျင့်ပေးနေကြပါတယ်။ ဒီအချက်အလက်တွေကို အသုံးပြုပြီး လူပုံစံစက်ရုပ်တွေကို လက်ချောင်းနဲ့ အသေးစိတ် ကိုင်တွယ်လုပ်ဆောင်ရတဲ့ ကျွမ်းကျင်မှုတွေ တတ်မြောက်လာအောင် လေ့ကျင့်ပေးတာ ဖြစ်ပါတယ်။ ဒါဟာ အိန္ဒိယအတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာမလဲ။ ဘီဘီစီသတင်းထောက် အာရူနိုဒေး မူခါဂျီက အိန္ဒိယအနောက်မြောက်ပိုင်း ရာဂျာစတန်ပြည်နယ်၊ အယ်လ်ဝါမြို့ကနေ ပေးပို့ ထားတဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြမှာပါ။



