ဟစ်တလာရဲ့ တောင်ကုန်းစံအိမ် မီးလောင်
ဟစ်တလာရဲ့ တောင်ကုန်းစံအိမ် မီးလောင်
ရေးသားခဲ့သည်။
ဂျာမန်အာဏာရှင် အဒေါ့ဖ်ဟစ်တလာက ဒုတိယကမ္ဘာစစ်တုန်းက သူနဲ့သူ့အတွင်းလူတချို့ အပန်းဖြေအနားယူဖို့ ဆောက်ထားခဲ့တဲ့ အယ်လ်ပိုင်းတောင်ထိပ်က စံအိမ်တစ်ခု အောက်တိုဘာ ၂၃ ရက် သောကြာညက မီးလောင်သွားခဲ့ပါတယ်။ အဲဒီစံအိမ်ကို ဟစ်တလာရဲ့ လင်းယုန်အသိုက် Eagle’s Nest လို့ အသိများပါတယ်။ အဲဒီတောင်တဝိုက်မှာ ဟစ်တလာက နေအိမ်တွေ ဆောက်ထားပြီး သူနဲ့ သူ့လူတွေ နားခိုခဲ့တာပါ။ ရဲက အသက် ၃၃ နှစ်အရွယ် ဂျာမန် တစ်ယောက်ကို ဖမ်းဆီးထားပါတယ်။ ဟစ်တလာဟာ အဲဒီနေရာကိုသုံးပြီး သူဟာ တိရစ္ဆာန်နဲ့ သဘာဝကိုချစ်တတ်သူအဖြစ် ပုံဖော်ပြတဲ့ ဝါဒဖြန့်ရုပ်ရှင်တွေလည်း ရိုက်ကူးခဲ့ပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #ဟစ်တလာ #ဂျာမနီ #ဒုတိယကမ္ဘာစစ်



