ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်, လာမယ့် နှစ်ဆန်းတရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ အများပြည်သူ မျှော်လင့်

- အီရန်နဲ့ အမေရိကန် အပစ်ရပ်ထားပေမယ့် ချိုးဖောက်မှု ရှိတယ်ဆိုပြီး အပြန်အလှန် စွပ်စွဲနေကြသလို ရှေ့ဆက်ညှိနှိုင်းဖို့ ပြင်ဆင်နေကြ - လက်ဘနွန်မှာတော့ အစ္စရေးနဲ့ ဟစ်ဇဘိုလာတို့ အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှု ဆက်ရှိနေပါတယ် - တိုင်ဝမ် အတိုက်အခံပါတီ ခေါင်းဆောင်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် ဘေဂျင်းမှာ လက်ခံ တွေ့ဆုံ - ပင်လယ်ကွေ့စစ်ပွဲကြောင့် ကမ္ဘာတလွှား လောင်စာဆီ အခက်ကြုံနေရချိန် တရုတ်ရဲ့ ပြည်ပလျှပ်စစ်ကားတင်ပို့မှု မြင့်တက်လာ - အရှေ့အလယ်ပိုင်းက လောင်စာဆီကို အားထားနေရတဲ့ အာရှနိုင်ငံတွေ လိုအပ်ချက် အတွက် ပြည်ပက တင်သွင်းဖို့ ဘယ်လို ဖြေရှင်းနေကြလဲ - ဂျာမနီမှာ လူဖသန်ဆာ လေကြောင်းလိုင်း သပိတ်မှောက်လို့ ခရီးစဉ်အတော်များများ ရပ်ဆိုင်းထား - ဂျပန် ဝန်ကြီးချုပ် DEEP PURPLE အင်္ဂလန် တီးဝိုင်းကို သွားရောက် အားပေး ဂါရဝပြုတဲ့အကြောင်း အပါအဝင် မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို