ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်, တယ်လီနောဖုန်း သုံးစွဲသူ ၁၈ သန်းကျော်ရဲ့ အချက်အလက်တွေ စစ်တပ်ဆီမျှဝေမှုနဲ့ တယ်လီနော မြန်မာ တရားစွဲ ခံရ

- အီရန်ရဲ့ ယူရေနီယံ သန့်စင်မှု အစီအစဉ်အပေါ် ကန့်သတ်ချက်တွေကို လက်မခံဘူးလို့ အီရန် နျူကလီးယား စွမ်းအင် အေဂျင်စီ အကြီးအကဲပြော - လက်ဘနွန်မှာ မနေ့ ဗုဒ္ဓဟူးနေ့က အစ္စရေးရဲ့ အပြင်းအထန်တိုက်ခိုက်ခံရပြီးနောက် အပျက်အစီးကြားက အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးဝန်ထမ်းတွေ ဆက်ရှာနေ - အီရန်က မြို့ကြီးတော်တော်များများမှာ ဘာသာရေးခေါင်းဆောင်ကြီး အလီခါမနီ အသတ်ခံရတာ ရက် ၄၀ ပြည့် ဝမ်းနည်းဖွယ် အခမ်းအနားတွေကို လူအများအပြား တက်ရောက် - ဂျရုဆလင်မြို့က ခရစ်ယာန်၊ အစ္စလာမ် နဲ့ ဂျူး ဘာသာ အသီးသီးတို့ရဲ့ အထွတ်အမြတ်နေရာ သုံးခုဟာ စစ်ပွဲကြောင့် လုံခြုံရေးအကြောင်းပြချက်နဲ့ ပိတ်ထားခဲ့ပေမယ့် အခုတော့ ပြန်ဖွင့်ပေးလိုက် - ဗြိတိန်ပိုင် ကျွန်းတဝိုက် ပင်လယ်ရေအောက် ပိုက်လိုင်းနဲ့ ဝါယာကြိုးတွေ တခုခုကို ဖျက်လိုဖျက်စီး လုပ်ရင် သည်းခံမှာ မဟုတ်ဘူးလို့ ရုရှားသမ္မတ ပူတင်ကို ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီး ဂျွန်ဟန်လေ ပြော - ကေပေါ့ပ် BTS အဖွဲ့ဟာ တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့က ပရိသတ် ၄ သောင်းရှေ့မှောက်မှာ ဒီနေ့ ကြာသပတေးနေ့မှာ ဖျော်ဖြေဖို့ ရှိပါတယ်။ - အိန္ဒိယမှာ ဒေသန္တရရွေးကောက်ပွဲ ကျင်းပနေပြီး သန်းနဲ့ချီတဲ့ လူထု မဲပေးနေ - ပြင်သစ်ကနေ အင်္ဂလန်ကို လှေငယ်တစင်းနဲ့ ဖြတ်ကူးသွားစဉ် ရွှေ့ပြောင်းဝင်ရောက်သူ ၄ ယောက် သေဆုံးသွားတဲ့အကြောင်း အပါအဝင် မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်း ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို
နောက်ဆုံးလွှင့် အစီအစဉ်များ
နောက်ထပ်နားဆင်ရန်, ကမ္ဘာ့မျက်မှောက်ရေးရာ။, ၁၃:၂၉, ၁၂ ဧပြီ ၂၀၂၆, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
နားဆငျရနျ, ကမ္ဘာ့မျက်မှောက်ရေးရာ။, ၁၃:၂၉, ၁၁ ဧပြီ ၂၀၂၆, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
နားဆငျရနျ, ကမ္ဘာ့မျက်မှောက်ရေးရာ။, ၁၃:၂၉, ၁၀ ဧပြီ ၂၀၂၆, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
နားဆငျရနျ, ကမ္ဘာ့မျက်မှောက်ရေးရာ။, ၁၃:၂၉, ၉ ဧပြီ ၂၀၂၆, ကြာမြင့်ချိန် ၁၅,၀၀
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ