ဒဏ်ရာရထားတဲ့ကျားသစ်က ကယ်သူကို ပြန်ကိုက်

ဗီဒီယို ပုံစာ, ဒဏ်ရာရထားတဲ့ကျားသစ်က ကယ်သူကို ပြန်ကိုက်
ဒဏ်ရာရထားတဲ့ကျားသစ်က ကယ်သူကို ပြန်ကိုက်
ရေးသားခဲ့သည်။

အိန္ဒိယအနောက်တောင်ပိုင်းက အဝေးပြေးလမ်းတစ်ခုပေါ်မှာ ကားတိုက်ခံထားရတဲ့ ကျားသစ်ကို ကယ်ဖို့လုပ်နေတဲ့ထဲက လူတစ်ယောက်ကို ကျားသစ်က ခုန်အုပ်ပြီးကိုက်ခဲ့ပါတယ်။ ကျားသစ်ကို မေ့ဆေးသေနတ်နဲ့ပစ်ပြီး ကားပေါ်တင်ဖို့လုပ်နေတုန်း သူက ပြန်ကိုက်ခဲ့တာပါ။ ကျားသစ်ရော အကိုက်ခံရသူပါ အခြေအနေကောင်းတယ်လို့ သိရပါတယ်။ ကျားသစ်ကိုတော့ စောင့်ကြည့်ကုသပေးပြီးရင် တောရိုင်းတိရစ္ဆာန်စောင့်ရှောက်ရေးဌာနကို လွှဲပေးမှာ ဖြစ်ပါတယ်။ •

#ဘီဘီစီမြန်မာပိုင်း #ကျားသစ် #တောရိုင်းတိရစ္ဆာန် #အိန္ဒိယ