သွေးသစ္စာရဲ့ မြစ်ဖျား

ဗီဒီယို ပုံစာ, သွေးသစ္စာရဲ့ မြစ်ဖျား
သွေးသစ္စာရဲ့ မြစ်ဖျား
ရေးသားခဲ့သည်။

တော်လှန်ရေး သီချင်းအဖြစ် လူသိများ ထင်ရှားတဲ့ သွေးသစ္စာသီချင်းလို့ ခေါ်ကြတဲ့ အရေးကြီးပြီ သီချင်းရဲ့ စာသားတချို့ ကို ပြင်ဆင်ဖြည့်စွက်ပြီး 'စစ်သားသွေးနီရှေ့သို့ချီ'ဆိုတဲ့ သီချင်းနာမည်နဲ့ စစ်တပ်ပိုင် မြဝတီရုပ်သံက ထုတ်လွှင့်ခဲ့ပါတယ်။

ဒီ သွေးသစ္စာကို ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကာလမှာ နာမည်ကျော် တေးရေးနဲ့ အဆိုတော် ထူးအိမ်သင်ရေးပြီး တော်လှန်ရေး သီချင်းအဖြစ် သီဆိုခဲ့သူ နာမည်ကျော် အဆိုတော် မွန်းအောင်က သီဆိုခဲ့တာဖြစ်ပါတယ်။

အခုလို မြဝတီက လွှင့်တဲ့ သီချင်းနဲ့ ပတ်သက်လို့ သွေးသစ္စာရဲ့ အဆိုရှင်ဘက်က ဘယ်လိုတုံ့ပြန်ပါသလဲ။ စစ်တပ်ဘက်ကတော့ ဒီသီချင်းက ၁၉၆၀ လောက်ကတည်း စစ်တပ်ရဲ့ စိတ်ဓာတ် စစ်ဆင်ရေး အဖြစ်တည်ရှိခဲ့တာလို့ ပြောထားပါတယ်။ ဒီတေးသီချင်းစတင် ဖန်တီးခဲ့တာနဲ့ ပတ်သက်ပြီး သက်သေအထောက်အထားတွေက ဘယ်လိုရှိနေပါလဲ။ ဒီအကြောင်း ကိုသူရ ပြောပြမှာပါ။