အမေရိကန်ဗိုလ်မှူးကို သေနတ်နဲ့ပစ်ခတ်စီရင်မှာကို တိုက်ရိုက်ပြသမယ်

ဗီဒီယို ပုံစာ, အမေရိကန်ဗိုလ်မှူးကို သေနတ်နဲ့ပစ်ခတ်စီရင်မှာကို တိုက်ရိုက်ပြသမယ်
အမေရိကန်ဗိုလ်မှူးကို သေနတ်နဲ့ပစ်ခတ်စီရင်မှာကို တိုက်ရိုက်ပြသမယ်
ရေးသားခဲ့သည်။

၂၀၀၉ ခုနှစ်က တက္ကဆပ်က ဖို့ဒ်ဟုဒ်စစ်စခန်းက ဆေးခန်းထဲကို ဝင်ပြီး လက်နက်မဲ့ စစ်သည် ၁၃ ယောက်ကို ပစ်သတ်၊ ၃၂ ယောက်ကို ဒဏ်ရာရသွားစေတဲ့ ဆေးဘက်အရာရှိ ဗိုလ်မှူးဟောင်း နီဒါးလ်ဟာဆန်ကို သေနတ်နဲ့ပစ်ခတ်စီရင်မယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ကြေညာပါတယ်။ အခုလို စီရင်မှာကို သမ္မတထရမ့်ကလည်း သဘောတူခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၃ ရက်နေ့မှာ သူ့ကို ပစ်ခတ်စီရင်ပုံကို အများပြည်သူကြည့်ရှုနိုင်အောင် တိုက်ရိုက်ထုတ်လွှင့် ပြသသွားမယ်လို့လည်း ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်က ပြောပါတယ်။ အမေရိကန်စစ်သားတွေ အာဖဂန်နစ္စတန်ကိုသွားပြီး သူ့လို မွတ်ဆလင်တွေကို မသတ်ဖြတ်နိုင်အောင် ပစ်ခတ်ခဲ့တာလို့ နီဒါးလ်ဟာဆန်က အဲဒီတုန်းကပြောခဲ့ပါတယ်။ ဒါဟာ အမေရိကန်စစ်တပ်က ဒုတိယကမ္ဘာစစ်ပြီးကတည်းက ပထမဆုံး သေဒဏ်စီရင်မှုဖြစ်လာမှာပါ။ •

#ဘီဘီစီမြန်မာပိုင်း #အမေရိကန်စစ်တပ် #သေဒဏ်စီရင်မှု