မသမာတဲ့ နည်းနဲ့ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုတွေရှိ
မသမာတဲ့ နည်းနဲ့ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုတွေရှိ
ရေးသားခဲ့သည်။
လျှပ်စစ်ဓာတ်အားပို့လွှတ်မှုနဲ့ ဖြန့်ဖြူးမှုအပိုင်းမှာ နည်းပညာပိုင်းဆိုင်ရာဆုံးရှုံးမှုနဲ့ မသမာမှု နည်းလမ်းတွေကြောင့် ဖြစ်ပေါ်နေတဲ့ဆုံးရှုံးမှုတွေ လျော့နည်းပပျောက်ရေးကို အလေးထား ဆောင်ရွက်နေတယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ဖမ်းဆီးမှုတွေလည်း လုပ်နေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ စက်ရုံ၊ အလုပ်ရုံတချို့နဲ့ လုပ်ငန်းအချို့ဟာ အခုထိ လျှပ်စစ်မီးကိုမသမာတဲ့နည်းလမ်းနဲ့ သုံးနေကြသလို လျှပ်စစ်ရုံးဝန်ထမ်းတချို့နဲ့ညှိနှိုင်းပြီး ပုံသေပမာသတ်မှတ် ထားကြတယ်လို့ ဒီအကြောင်းသိသူတွေက ပြောပါတယ်။
လျှပ်စစ်ဓာတ်အားကို မသမာမှုနည်းလမ်းတွေနဲ့ ခိုးယူသုံးစွဲတယ်ဆိုတာ ဘယ်လိုပုံစံပါလဲ။ နောက်ပိုင်းရော ဆက်လက်စိစစ်အရေးယူဖို့ ရှိနိုင်ပါသလား။ ဒီအကြောင်း ကိုမောင်က ပြောပြမှာပါ။



