ဆေးရုံသုံးပစ္စည်းတွေ တင်သွင်းမှု အခက်အခဲနဲ့ စျေးနှုန်း မြင့်တက်မှုနဲ့ ရင်ဆိုင်နေရ
ဆေးရုံသုံးပစ္စည်းတွေ တင်သွင်းမှု အခက်အခဲနဲ့ စျေးနှုန်း မြင့်တက်မှုနဲ့ ရင်ဆိုင်နေရ
မြန်မာ နိုင်ငံက ဆေးရုံ ဆေးခန်း တွေမှာ အသုံးများတဲ့ ကုန်ပစ္စည်းတွေနဲ့ ဆေးဝါးတွေ တင်သွင်းရာမှာ အခက်အခဲ ရှိနေပြီး စျေးနှုန်းမြင့်တက်မှုတွေကိုလည်း ရင်ဆိုင်နေရပါတယ်။ အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် အိန္ဒိယ နဲ့ တရုတ် နိုင်ငံတို့မှာ ဆေးဝါး ဆိုင်ရာ ကုန်ပစ္စည်း ရှားပါးမှုနဲ့ ပို့ဆောင်ရေး အခက်အခဲတွေ ရှိလာတာကြောင့် ဆေးဝါး ကုန်စည်တွေကို အဲဒီ ၂ နိုင်ငံကနေ အဓိကထား တင်သွင်းနေရတဲ့ မြန်မာ နိုင်ငံကိုလည်း ရိုက်ခတ်မှု ရှိလာတာ ဖြစ်ပါတယ်။ ကိုဟိန်းကိုစိုးက ပြောပြပေးထားပါတယ်။



