စစ်တပ်ရဲ့ သင်္ဘောတွေကို ကေအိုင်အေ တိုက်ခိုက်

ဗီဒီယို ပုံစာ, စစ်တပ်ရဲ့ သင်္ဘောတွေကို ကေအိုင်အေ တိုက်ခိုက်
စစ်တပ်ရဲ့ သင်္ဘောတွေကို ကေအိုင်အေ တိုက်ခိုက်
ရေးသားခဲ့သည်။

မန္တလေး ဂေါဝိန်ဆိပ်ကနေ ထွက်လာတဲ့ စစ်တပ်ရဲ့ သင်္ဘောတချို့ကို ကချင်ပြည်နယ် ရွှေကူမြို့အနီးမှာ စောင့်ကြို တိုက်ခိုက်ခဲ့သလို ကုန်းပေါ် မှာ လည်း စစ်တပ်စခန်းတချို့ ကိုလည်း သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဘက်က ပြောပါတယ်။ ဒီရက် ပိုင်းမှာ ရွှေကူမြို့အနီး ကျေးရွာနဲ့ ဆိပ်ကမ်းကို စစ်တပ်က လေယာဉ်တွေနဲ့ တိုက်ခိုက်တာရှိသလို ပူးပေါင်းအဖွဲ့တွေကလဲ ဒရုန်းတွေ နဲ့ ပစ်ခတ်တာ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်ဟာ ကချင်ပြည်နယ်ကို ရေကြောင်းကနေ ရိက္ခာနဲ့ ကုန်ပစ္စည်းတွေ သယ်ဆောင်လာတာ ဘာကြောင့်ပါလဲ။ ကိုဝေဖြိုးက စုစည်း ပြောပြပါမယ်။