ပြင်သစ်တောင်ပိုင်းကို လေဆင်နှာမောင်းကြီးဖြတ်တိုက်ချိန်
ပြင်သစ်တောင်ပိုင်းကို လေဆင်နှာမောင်းကြီးဖြတ်တိုက်ချိန်
ရေးသားခဲ့သည်။
အားကြီးတဲ့ လေဆင်နှာမောင်းတစ်ခု ပြင်သစ်တောင်ပိုင်းက ရွာတွေကို ဝင်တိုက်သွားလို့ လူ ၄၀ ကျော် ဒဏ်ရာရသွားပါတယ်။ မိုးကြိုးထစ်ချုန်းပြီး လေဆင်နှာမောင်းကြီးဖြစ်လာတာကို ဗာဇေးရွာက ရွာသားတစ်ယောက် ရိုက်ယူထားတဲ့ ဗီဒီယိုမှာ တွေ့ရမှာပါ။ ပိုမာ့စ်ရွာမှာ တစ်နာရီ ၆၅ မိုင်လောက်ရှိတဲ့ လေပြင်းတွေတိုက်လို့ အိမ်တွေအမိုးတွေ ကျွတ်ထွက်ကုန်ပါတယ်။ လမ်းတွေ ပိတ်ကုန်ပြီး အိမ် ၃၀၀၀ လောက်လည်း လျှပ်စစ်မီးမရဘဲ ရှိနေပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #ပြင်သစ် #ရာသီဥတု #သဘာဝဘေး #မုန်တိုင်း



