ရေခါးထိရောက်ပေမဲ့ မင်္ဂလာပွဲဆက်ခဲ့တဲ့ စုံတွဲ

ဗီဒီယို ပုံစာ, ရေခါးထိရောက်ပေမဲ့ မင်္ဂလာပွဲဆက်ခဲ့တဲ့ စုံတွဲ
ရေခါးထိရောက်ပေမဲ့ မင်္ဂလာပွဲဆက်ခဲ့တဲ့ စုံတွဲ
ရေးသားခဲ့သည်။

ဖိလစ်ပိုင်က မြို့တော်မနီလာရဲ့ မြောက်ဘက်က ကမ်းရိုးတန်းမြို့လေး ဟာဂိုနွိုင်းမှာ လီယန်းဂါလန်းနဲ့ ဂီးလ်ဘတ် ချီကိုတို့ဟာ ဘုရားကျောင်းထဲရေကြီးနေတဲ့ ကြားမှာပဲ မင်္ဂလာလက်ထပ်ပွဲလုပ်ခဲ့ကြပါတယ်။ မီးလည်းပျက်နေလို့ ဘုရားကျောင်းက ဓာတ်ခဲနဲ့ဖွင့်ရတဲ့ စပီကာကိုသုံးပြီး အခမ်းအနားကို လုပ်ခဲ့ရတာပါ။

မိုးကြီးရေကြီးမှာမို့ မင်္ဂလာပွဲကို ရွှေ့ဖို့ အကြံပေးကြပေမဲ့ သူတို့က အစီအစဥ်မဖျက်ဘဲ ဆက်လုပ်ခဲ့ကြပါတယ်။ အဲဒီဒေသမှာ ပုံမှန်ထက်ပိုများတဲ့ မိုးရွာသွန်းမှုတွေကြောင့် ရေကြီးမြေပြိုတာတွေဖြစ်ပြီး လူ ၃၄ ယောက် အသက်ဆုံးခဲ့ပါတယ်။ •

#ဘီဘီစီမြန်မာပိုင်း #ဖိလစ်ပိုင် #ရာသီဥတု #မိုးကြီးမြေပြိုမှု