နီပေါ ရေကြီးမှု၊ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ လိုဏ်ခေါင်းထဲက ကယ်ဆယ်ရေး

ဗီဒီယို ပုံစာ, နီပေါ ရေကြီးမှု၊ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ လိုဏ်ခေါင်းထဲက ကယ်ဆယ်ရေး
နီပေါ ရေကြီးမှု၊ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ လိုဏ်ခေါင်းထဲက ကယ်ဆယ်ရေး
ရေးသားခဲ့သည်။

တိဘက်နဲ့ နီပေါ နယ်စပ်မှာ ရုတ်တရက် ရေကြီး ရေလျှံမှု ဖြစ်ပွားပြီး ၉ ရက် အကြာမှာ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံရဲ့ ဥမင်လိုဏ်ခေါင်းထဲမှာ ပိတ်မိနေတဲ့ အလုပ်သမား ၂ ယောက်ကို ကယ်ဆယ်ရေး သမားတွေ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီဥမင်လိုဏ်ခေါင်းထဲမှာ ပိတ်မိနေကြဆဲ ဖြစ်တဲ့ နောက်ထပ် အလုပ်သမား ၃၉ ယောက်ကိုလည်း ကယ်ဆယ်နိုင်ဖို့ မျှော်လင့်ထားကြောင်း နီပေါ စွမ်းအင် ဝန်ကြီးက ဘီဘီစီကို ပြောကြားပါတယ်။ ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် နီပေါ နိုင်ငံမှာ လူပေါင်း ၁၃၀၀ နီးပါး သေဆုံးခဲ့ရပြီး၊ ၅၀၀၀ကျော် ပျောက်ဆုံးနေပါတယ်။ ရေကြီးမှုနဲ့ အတူ ရွှံ့နွံတွေနဲ့ ပိတ်နေတဲ့ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံ ဥမင်လိုဏ်ခေါင်းက ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်း လုပ်ဆောင်နေမှု အခြေအနေကို ဘီဘီစီ သတင်းထောက် အာဇက်ဒါ မိုရှီရီ သတင်း သွားယူခဲ့ပါတယ်။ မစန္ဒာဝင်း ပြောပြပေးထားပါတယ်။