ကျောခုံးဝေလငါးလေးမွေးတဲ့ ရှားပါးမြင်ကွင်း

ဗီဒီယို ပုံစာ, ကျောခုံးဝေလငါးလေးမွေးတဲ့ ရှားပါးမြင်ကွင်း
ကျောခုံးဝေလငါးလေးမွေးတဲ့ ရှားပါးမြင်ကွင်း
ရေးသားခဲ့သည်။

သြစတြေးလျနိုင်ငံက နယူးဆောက်သဝေးပြည်နယ်မြောက်ဘက် ကမ်းရိုးတန်းမှာ ကျောခုံးဝေလငါးမကြီး ကလေးမွေးခဲ့တာကို ရှားရှားပါပါး ဒရုန်းက ရိုက်ယူထားနိုင်တဲ့ မြင်ကွင်းကို တွေ့ရမှာပါ။ ငါးမကြီးက တစ်ကောင်ထဲ အဲဒီနေရာကိုလာပြီး ကလေးမွေးခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုရိုက်ယူခဲ့သူ အလက်ဇန္ဒားဖောရက်စ်နဲ့ နို့တိုက်ရေသတ္တဝါစောင့်ရှောက်ရေးအဖွဲ့ ORRCA တို့ကတော့ ဒါဟာ ကျောခုံးဝေလငါး ကလေးမွေးတာကို ပထမဆုံးအကြိမ် ဒရုန်းနဲ့ရိုက်ယူထားနိုင်တာလို့ ယုံကြည်ကြပါတယ်။ •

#ဘီဘီစီမြန်မာပိုင်း #တိရစ္ဆာန် #ဝေလငါး #သြစတြေးလျ