ရှမ်းမြောက်မှာ ဝတပ်ဖွဲ့ အနေအထား ပြောင်းလာသလား

ဗီဒီယို ပုံစာ, ရှမ်းမြောက်မှာ ဝတပ်ဖွဲ့ အနေအထား ပြောင်းလာသလား
ရှမ်းမြောက်မှာ ဝတပ်ဖွဲ့ အနေအထား ပြောင်းလာသလား
ရေးသားခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးအလွန်မှာ ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နဲ့ တရုတ် အစိုးရကြား ဆက်ဆံရေး ပြောင်းလဲလာသလို ရှမ်းမြောက်ဒေသမှာ ဝတပ်ဖွဲ့ရဲ့ သြဇာ ကျဆင်း သွားပြီလားဆိုတာလည်း မေးခွန်းထုတ်စရာ ဖြစ်လာတယ်လို့ ရှမ်းနိုင်ငံရေးလေ့လာသူတွေက ပြောပါတယ်။ အရင်က ရှမ်းမြောက်ဒေသ လက်နက်ကိုင်အဖွဲ့တွေကို ဆက်ဆံရာမှာ ဝတပ်ဖွဲ့က ကြားခံအနေနဲ့ ရှိခဲ့ရာကနေ အခုတော့ တိုက်ရိုက် ဆက်ဆံတဲ့ပုံစံ ပြောင်းလာတယ်လို့ ရှမ်းမြောက်အရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဝတပ်ဖွဲ့နဲ့ တရုတ်ဆက်ဆံရေး ဘယ်လိုရှိပါသလဲ၊ လက်ရှိ ရှမ်းမြောက်မှာရော ဝတပ်ဖွဲ့ရဲ့ ပါဝင်မှု ဘယ်လိုဆက်ရှိနေပါသလဲ။ မသူဇာလင်းက ပြောပြမှာပါ။