BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
မြန်မာ့ဒုစရိုက်မှုတွေကြား ကျူးလွန်သူရော သားကောင်ပါဖြစ်လာတဲ့ရဲတွေ
လက်ရှိ မြန်မာနိုင်ငံက ခိုးဆိုးလုနှိုက်သူတွေရဲ့ပစ်မှတ်စက်ကွင်းထဲမှာ အရပ်သားတွေသာမက ရဲတပ်ဖွဲ့ဝင်တွေပါ ပြေးမလွတ်တော့ပါဘူး။ ပိုပြီးထူးခြားတာက ခိုးဆိုးလုနှိုက်သူတွေက ရဲတပ်ဖွဲ့ဝင်တွေပါဖြစ်နေတာပါ။ စက်တင်ဘာ ၆ ရက်နေ့က ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ရဲမှူးသားသတ်ဖြတ်ခံရပြီး အလောင်းစွန့်ပစ်ခဲ့သူဟာ ရဲတပ်ဖွဲ့ဝင်ဖြစ်နေတာကလည်း ဥပမာကောင်းတစ်ခုပါ။ ဒီလိုဖြစ်စဉ်တွေ ဘာကြောင့် ဖြစ်လာလဲဆိုတာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲမှူးကြီးဟောင်းတွေ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန အငြိမ်းစားအရာရှိတွေကို မေးမြန်းထားပါတယ်။
ပုဂ္ဂလိဘဏ်တွေရဲ့အချက်အလက်တွေကို ခိုးယူရောင်းစားတဲ့ DYSPHOR1A အဖွဲ့ခေါင်းဆောင်ကို စသုံးလုံးဖမ်း
မြန်မာပြည်တွင်းမှာ အခြေစိုက်ပြီး ပုဂ္ဂလိဘဏ်တွေရဲ့အချက်အလက်တွေကို ခိုးယူရောင်းစားနေတဲ့ DYSPHOR1A အဖွဲ့ခေါင်းဆောင်ကို စသုံးလုံးဖမ်းတဲ့သတင်းအပါအဝင် မြန်မာနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
AI ကိုထိန်းချုပ်ဖို့ ပိုခက်လာပြီလား၊ လူသားတွေဆက်ပြီး ထိန်းချုပ်နိုင်မှာလား
အေအိုင် အေးဂျင့်တွေက ထိန်းချုပ်မရဘဲ ဟက်ကင်းလုပ်ရပ်တွေ အရှိန်အဟုန်နဲ့ လုပ်ဆောင်ခဲ့တာကြောင့် ဉာဏ်ရည်တု(အေအိုင်) လုပ်ငန်းနယ်ပယ်ထဲက တချို့က စိုးရိမ်လာကြပါတယ်။
စက်တင်ဘာ ၁၃ ရက်သတင်းများအနှစ်ချုပ်- ဦးကျော်မိုးထွန်းကိုဖမ်းဖို့ အင်တာပိုနဲ့ချိတ်ဆက်နေတယ်လို့ဆို
ရခိုင်ပြည်နယ်ထဲက စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့တော်စစ်တွေအနီးတဝိုက်နဲ့ ကျောက်ဖြူမြို့နယ်တို့မှာ စစ်တပ်နဲ့ အာရက္ခတပ်တော်(အေအေ)ကြား တိုက်ပွဲတွေ ဆက်ပြီးပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။
ဂျပန်မှာ အလုပ်ရှင်ကိုတရားစွဲတဲ့မြန်မာအမျိုးသမီး ဘယ်လိုအနိုင်ရခဲ့လဲ
“ယန်း သုည” တနည်းပြောရင် "လစာငွေ သုည" လို့ ဖော်ပြထားတဲ့ လစာစာရင်းတစ်စောင်ကနေ စတင်ခဲ့တဲ့ အမှုတစ်ခုပါ။ ဂျပန်ရောက် မြန်မာအမျိုးသမီးတစ်ဦးက အလုပ်ရှင်ကို တရားစွဲပြီး အနိုင်ရခဲ့တဲ့ ဒီဖြစ်ရပ်ဟာ ဂျပန်ရောက် မြန်မာလုပ်သားတွေအတွက် အရေးပါတဲ့ စီရင်ချက်တစ်ခု ဖြစ်လာပါတယ်။
အထူးစာမျက်နှာ
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
ထိုင်းရောက်မြန်မာသန်းချီအတွက် စိုးရိမ်စရာဖြစ်လာတဲ့ ပြည်နှင်ဒဏ်စည်းမျဉ်းသစ်
ထိုင်းအစိုးရက ပြည်နှင်ဒဏ်ပေးနိုင်တဲ့ ပြစ်မှု ၆ မျိုးကိုလည်း ကြေညာလာပါတယ်။ အဲဒီပြစ်မှု ၆ မျိုးက ဘာတွေလဲ။ သန်းနဲ့ ချီရှိနေတဲ့ထိုင်းရောက် မြန်မာနိုင်ငံသားတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်လဲ။
ကြံ့ခိုင်ရေးပါတီညီလာခံနဲ့ အာဏာလွန်ဆွဲပွဲတွေ
အာဏာရပါတီတစ်ခုရဲ့ ညီလာခံဟာ အာဏာလွန်ဆွဲပွဲတွေနဲ့ အမြဲဒွန်တွဲနေတတ်ပါတယ်။ စက်တင်ဘာလလယ်မှာ ကျင်းပမယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီညီလာခံ အကြိုကာလမှာလည်း အငြင်းပွားမှုတွေ စတင်နေပါပြီ။
"ပိုက်ဆံပေးမှ ထွက်နိုင်တယ်" - ရန်ကုန်လေဆိပ်က ခရီးသည်တွေရဲ့အတွေ့အကြုံ
ပြည်တွင်းမှာ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေကို ပြည်ပထွက်ခွာခွင့်တင်းကျပ်နေချိန်မှာ ပြည်ပထွက်မယ့်လူငယ်တွေဟာ ရန်ကုန်လေဆိပ်မှာ အဟန့်အတားကင်းကင်းနဲ့ထွက်ခွာနိုင်ဖို့ ''လမ်းကြောင်းရှင်းခ''အဖြစ် ကျပ်ငွေသိန်းဆယ်ချီကို ပေးခဲ့ရတယ်လို့ မြန်မာလူငယ် ၅ ဦးထက်မနည်းက ပြောပါတယ်။
ဦးသော်ကောင်း - ၃၂ နှစ်နဲ့ ဗဟိုစာကြည့်တိုက်မှူးဖြစ်ခဲ့သူ ဖူကူအိုကာဆုရှင်
"သူ့လို မြန်မာမှုပညာရပ်များ၊ မြန်မာပြည်အကြောင်းရပ်များကို ပြည့်စုံစွာ ဖတ်ရှုတတ်ကျွမ်း သိနားလည်ပြီး အင်္ဂလိပ် - မြန်မာ နှစ်ဘာသာဖြင့် လူရိုသေ၊ ရှင်ရိုသေရေးနိုင်သူ မြန်မာပြည်တွင် သိပ်မရှိတော့ပါ" ဆိုပြီး မှတ်တမ်းတင် ဂုဏ်ပြုခံရသူ
ဦးအေး မဖြစ်ခဲ့တဲ့ ဦးစိုးဝင်း
လွန်ခဲ့တဲ့ ၃ လကျော် အတွင်း အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ ဦးစိုးဝင်းရဲ့ ဓာတ်ပုံ နှစ်ကြိမ်သာ ထွက်လာခဲ့ဖူးပြီး နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြမခံခဲ့ရပါဘူး။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်



























































