အီရန်စစ်ပွဲရဲ့ပုစ္ဆာတစ်ပုဒ်ဖြစ်လာတဲ့သမ္မတဟောင်း

ဓာတ်ပုံ ရင်းမြစ်, Isna
အီရန်သမ္မတဟောင်း မာမု အမာဒီနီဂျက်ဟာ ကမ္ဘာမှာ အစ္စရေးဆန့်ကျင်ရေးပြောဆိုလို့ လူသိများသူတွေထဲက တစ်ဦးဖြစ်ပါတယ်။
သူက ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေက ဂျူတွေအများဆုံးပါတဲ့လူပေါင်း ၆ သန်းကျော်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ဟော်လိုကော့စ် (the Holocaust) ဖြစ်ရပ်ဆိုးကို မေးခွန်းထုတ်လေ့ရှိပြီး အစ္စရေးကို ''လုပ်ကြံဖန်တီးထားတဲ့အစိုးရ'' လို့ ခေါ်ပါတယ်။ ပြီးတော့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ခံရပေမဲ့ အီရန်ရဲ့နျူကလီးယားစွမ်းရည် တိုးအောင်လုပ်တာကိုလည်း ကာကွယ်ပြောဆိုခဲ့သူပါ။
သူ့ရဲ့ဒီလိုရပ်တည်ချက်တွေကြောင့် အီရန်ဟာ အန္တရာယ်ရှိနိုင်တဲ့နိုင်ငံအဖြစ် အစ္စရေးအာဏာပိုင်တွေက ပြောဆိုကြတဲ့နေရာမှာ သူ့စကားလုံးတွေကို ကိုးကားပြောဆိုတဲ့အထိ ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့လည်း အခုတော့ အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်နဲ့စစ်ပွဲအပြီးမှာ အမာဒီနီဂျက်ကို အီရန်မှာဖြစ်လာနိုင်ခြေရှိတဲ့အနာဂတ်ခေါင်းဆောင်တစ်ယောက်အဖြစ် လက်ခံမယ့် လမ်းကြောင်းကို စဥ်းစားခဲ့ကြတယ်လို့ New York Times သတင်းစာ သတင်းရေးလာပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။


