နတ်တလင်း မှာ တိုက်ပွဲ ပြင်းထန်
နတ်တလင်း မှာ တိုက်ပွဲ ပြင်းထန်
ရန်ကုန် - ပြည်လမ်းနဲ့ ဆက်စပ်နေတဲ့ ပဲခူးတိုင်း သာယာ၀တီခရိုင် နတ်တလင်းမြို့နယ်ဘက်မှာ နယ်မြေ စိုးမိုးမှု ရရှိဖို့ စစ်တပ်ဘက်က ကြိုးပမ်းလာတာကြောင့် ဒေသခံ တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ နတ်တလင်းဒေသမှာ တော်လှန်ရေးတပ်တွေဘက်က စုဖွဲ့မှု အားကောင်းလာမှာနဲ့ ပဲခူး အနောက်ခြမ်းက အေ အေတပ်တွေနဲ့ ပူပေါင်းမိသွားမှာကို စိုးရိမ်လို့ အခုလို စစ်ကြောင်းထိုးလာတာလို့ ဒေသခံတွေက ပြောပါတယ်။ ဒီ အခြေအနေကို မစန္ဒ၀င်း က ပြောပြပေးထားပါတယ်။



