၂၀၂၆ Met Gala မှာ အပြောအများဆုံးဝတ်စုံများ
- ရေးသားသူ, ကေလာ အပ်စတင်း နဲ့ စကား ဟာရစ်
- ရေးသားသူ, နာဒါ တော်ဖစ်
- ရာထူးတာဝန်, မြောက်အမေရိက သတင်းထောက်
- ရေးသားပေးပို့သည့်နေရာ, Met Gala ပွဲ
- ဖတ်ရန်အချိန်: မိနစ် ၉
ဖက်ရှင်လောကရဲ့ အကြီးမားဆုံးညခင်းပွဲဖြစ်ပါတယ်။
နာမည်ကျော်အနုပညာရှင်တွေဟာ ၂၀၂၆ Met Gala ပွဲမှာ အခုနှစ်ရဲ့ ပွဲခေါင်းစဉ်ဖြစ်တဲ့ Costume Art နဲ့အညီ အဝတ်အထည်နဲ့ အနုပညာကို ပေါင်းစပ်ထားတဲ့ဝတ်စုံတွေဝတ်ပြီး တက်ရောက်ကြပါတယ်။
Metropolitan Museum of Art's Costume Institute က ကြီးမှူးတဲ့ ဒီရန်ပုံငွေ ရှာဖွေပွဲကို အနုပညာရှင်တွေဟာ ဒီဇိုင်းဖန်တီးသူတွေရဲ့ ဆင်မြန်းမှုနဲ့ အတူ ပွဲတက်ခဲ့ကြတာဖြစ်ပါတယ်။
ပွဲမှာ ဘရော့ဝေး ပြဇာတ်ငွေကြယ်ပွင့် ဂျော့ရှုဝါဟင်နရီက တစ်ယောက်ယောက်နဲ့ ကချင်တယ် (I Wanna Dance With Somebody) သီချင်းနဲ့ ပွဲဖွင့်ပြီး တင်ဆက်ပါတယ်။
အခုနှစ် ပွဲတက်အနုပညာရှင်တွေ စာရင်းမှာ နာမည်ကျော်တွေပါဝင်ပြီး ပွဲကို ပူးတွဲ ကျင်းပသူအဖြစ် တာဝန်ယူတဲ့ အဆိုတော် ဘီယွန်းစေး၊ သရုပ်ဆောင် နစ်ကိုးကစ်ဒ်မန်း၊ တင်းနစ်အကျော်အမော် ဗီးနက်စ် ဝီလီယံ၊ ဗို့ မဂ္ဂဇင်းရဲ့ ကမ္ဘာလုံးဆိုင်ရာ အယ်ဒီတာ အန်နာဝင်ထော တို့လည်း တက်ရောက်ပါတယ်။
နောက်ထပ် နာမည်ကျော်တွေထဲ နာအိုမီ ဆိုဆာကာ၊ အိန်ဂျလာ ဘာဆက်၊ မက်ဒေါနားနဲ့ ဆာဘရီနာ ကာပင်တန်တို့လည်း တက်ရောက်ပါတယ်။ နောက်ထပ် ကမ္ဘာကျော်တွေဖြစ်တဲ့ အဆိုတော် ဘတ်ဘန်နီ၊ မော်ဒယ် ကေတီပယ်ရီတို့လည်း ပွဲအစီအစဉ်နဲ့ ကိုက်တဲ့ဝတ်စုံတွေ ဝတ်ပြီး ပါဝင်ဆင်နွှဲပါတယ်။
ပွဲအတွင်း လူစိတ်ဝင်စားတဲ့ နာမည်ကျော်တွေရဲ့ ဝတ်စုံအချို့ကို ဆက်လက် ကြည့်ရှုနိုင်ပါတယ်။
မိသားစုနဲ့အတူ ကော်ဇောနီထက် လျှောက်လှမ်းတဲ့ဘီယွန်းစေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပေါ့ပ်စတား အဆိုတော် ဘီယွန်းစေး တစ်ယောက် ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ်အနေနဲ့ မိသားစုနဲ့အတူ Met Gala ပွဲကို တက်လာတာဖြစ်ပါတယ်။ သူ့ဝတ်စုံကတော့ ပြင်သစ်ဒီဇိုင်နာ အိုလီဗီယာရုစတင်း ဖန်တီးပေးထားတဲ့ ငှက်မွှေးဝတ်ရုံရှည်ကို ဖြစ်ပါတယ်။
ကော်ဇောခင်းလျှောက်လမ်းထက်လှမ်းလာတဲ့ ဘီယွန်းစေးကို ဘီဘီစီက ၁၀ နှစ်လောက်အကြာမှာ ပွဲတက်လာတဲ့ခံစားချက်ကို မေးမြန်းကြည့်တော့ ''အမျိုးသားနဲ့ သမီးတို့နဲ့အတူ ပွဲတက်ရတော့ ဝမ်းသာတာပေါ့ရှင်'' လို့ ပြန်ဖြေပါတယ်။
ဘီယွန်းစေးဟာ ခင်ပွန်းဖြစ်သူ ရက်ပ်ပါ ဂျေဇီး၊ သမီးဖြစ်သူ အသက် ၁၄ နှစ်အရွယ် ဘလူး အိုင်ဗီ တို့နဲ့အတူ ပွဲတက်ပါတယ်။ ဒါကြောင့် အသက် ၁၈ နှစ်ပြည့်မှ ပွဲတက်ခိုင်းတဲ့ Met gala မှာ ဘလူး အိုင်ဗီက အသက်အငယ်ဆုံး ပွဲတက်သူ ဖြစ်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရီဟားနားလည်း အေဆပ်ရော်ကီနဲ့အတူ အချိန်နှောင်းမှ ရောက်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရီဟားနားနဲ့ အေဆပ်ရော်ကီတို့ စုံတွဲကတော့ ဂီတနဲ့ ဖက်ရှင် တွဲစပ်တဲ့စုံတွဲအဖြစ် ကော်ဇောကို လျှောက်လှမ်းပြီး ပွဲထိန်းပါတယ်။
ဗို့ အယ်ဒီတာ အန်နာ ဝင်ထောရဲ့ ငှက်မွှေးဝတ်စုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဗို့ မဂ္ဂဇင်းရဲ့ ကမ္ဘာလုံးဆိုင်ရာ အယ်ဒီတာ ဖြစ်တဲ့ အန်နာ ဝင်ထောက ရှနယ်- Chanel ထုတ်ငှက်မွှေးဝတ်စုံနဲ့ ပွဲတက်ပါတယ်။ အမေရိကန်အတွက် ထုတ်တဲ့ အမေရိကန် ဗို့ရဲ့ အယ်ဒီတာအဖြစ်ကနေ ဂလိုဘယ်အယ်ဒီတာဖြစ်လာတဲ့ သူ့အတွက် ဒီဂါလာပွဲကို အဲဒီရာထူးနဲ့ ပထမဆုံးပွဲတက်တာဖြစ်ပါတယ်။ သူဟာ ၁၉၉၅ ခုနှစ်ကတည်းက အခုပွဲတိုင်းကို ပူးတွဲစီစဉ်သူဖြစ်ပါတယ်။
အော်စကာမင်းသမီးနစ်ကိုးလ်ကစ်မန်းက အနီရောင်ဝတ်စုံနဲ့ပွဲတက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပွဲကို ပူးတွဲစီစဉ်သူလည်းဖြစ်၊ သရုပ်ဆောင်မင်းသမီးလည်းဖြစ်တဲ့နစ်ကိုးလ်ကစ်မန်းက ရှနဲ (Chanel) ထုတ် အနီရောင် လက်ရှည်ဝတ်စုံနဲ့ ပွဲတက်ပါတယ်။ သူက သမီးဖြစ်သူ ဆန်းဒေးရို့စ်နဲ့ အတူ ပွဲတက်ပါတယ်။
ဗီးနပ်စ်ဝီလီယံရဲ့ တလက်လက် အဆင်တန်ဆာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန် တင်းနစ်ကြယ်ပွင့် ဗီးနပ်စ် ဝီလီယံက ဝင်ဘယ်ဒန် ချန်ပီယံဆုကို ငါးကြိမ် ဆွတ်ခူးထားသူဖြစ်ပြီး အခု အခမ်းအနားကို ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူလုပ်ဆောင်ခဲ့သူလည်းဖြစ်ပါတယ်။
ဗီးနပ်စ် ဝီလီယံက အမည်းရောင် တောက်ပတဲ့ဝတ်စုံကို ဝတ်ဆင်ထားပြီး လည်ပင်းမှာငွေရောင် အဖိုးတန် ကျောက်မျက်တွေနဲ့ အလှဆင်ထားတဲ့ထင်းကနဲမြင်သာတဲ့ လည်ဆွဲကိုဝတ်ဆင်ထားပါတယ်။
သူက အခမ်းအနားကို ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူသူလည်းဖြစ်လို့ '' ဒီအခမ်းအနားကို စီစဥ်ရတဲ့ အပေါ် ဘယ်လိုစိတ်ခံစားချက်ဖြစ်နေလဲ'' လို့ ဘီဘီစီက သူ့ကိုမေးမြန်းတဲ့အခါ သူက အားရဝမ်းသာရှိဟန်နဲ့ "စိတ်ထဲမှာ ကခုန်နေသလိုပဲ "လို့ဖြေပါတယ်။
ငွေရာင် ဝတ်စုံနဲ့ ဆရီနာဝီလီယံ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဝီလီယံရဲ့ ညီမငယ် ဆရီနာ ဝီလီယံကလည်း ပြတိုက်အတွင်း ပြသထားတဲ့ အနုပညာလက်ရာတွေနဲ့ ရိုးရာအလှတရားတွေကို ပြန်လည်လှုံ့ဆော်တဲ့ ငွေရောင် Marc Jacobs ဒီဇိုင်း ဝတ်စုံကို ဝတ်ဆင်ခဲ့ပါတယ်။
လော်ရင့် ဆန်းချက် ဘီဇော့ရဲ့ "Madame X" ပုံစံတုပထားတဲ့ ရှနဲ ဝတ်စုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images
Amazon တည်ထောင်သူ ဂျက်ဘီဇော့ရဲ့ ဇနီးဖြစ်သူ လောရင့်ဆန်းချက်က အခုနှစ် ဂါလာအခမ်းအနားရဲ့ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ (honorary chair) အဖြစ် တာဝန်ထမ်းဆောင်ထားသူ ဖြစ်ပါတယ်။
သူ ဝတ်ဆင်ထားတဲ့ Schiaparelli ဝတ်စုံက အနုပညာသမိုင်းထဲမှာ အကျော်ကြားဆုံး (အပြစ်တင်ဝေဖန်မှုများပါ ရင်ဆိုင်ခဲ့ရတဲ့ ) ဝတ်စုံတစ်စုံဖြစ်တဲ့ အနုပညာရှင် John Singer Sargent ရဲ့ "Madame X" ပန်းချီကားထဲက ဝတ်စုံကို မှီငြမ်းပြီး ချုပ်လုပ်ထားတဲ့ဒီဇိုင်းဖြစ်ပါတယ်။
ဘရော့ဝေး ပြဇာတ်ငွေကြယ်ပွင့် ဂျော့ရှုဝါဟင်နရီ

ဓာတ်ပုံ ရင်းမြစ်, Getty Images
''Ragtime'' ဂီတ ငွေကြယ်ပွင့် ဂျော့ရှုဝါ ဟင်ရနီကနော့ ကော်ဇာထက် မလျှောက်လှမ်းခဲ့ပါဘူး။ ဒါပေမဲ့ ညနေခင်း ပွဲအဖွင့်ကို ဝစ်တနီ ဟူစတန်ရဲ့ "I Wanna Dance With Somebody" သီချင်းကို အကသမားတွေ၊ တီးဝိုင်းပံ့ပိုးမှုနဲ့ သီဆို ဖျော်ဖြေခဲ့ ပါတယ်။
ကိုးလ်မန်း ဒိုမင်နီဂိုရဲ့ ထင်းကနဲ ဝတ်စုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်သရုပ်ဆောင် ဒိုမင်ဂို တစ်ယောက် ညပွဲတက် အနောက်တိုင်းဝတ်စုံကို ဝတ်လာပါတယ်။ ဒါပေမဲ့ ထူးထူးခြားခြားချုပ်ထားတဲ့ ဒီဇိုင်းနဲ့ တက်ရောက်တာကို မြင်နိုင်ပါတယ်။
ဒါ တခြားလူ မဟုတ်ပါဘူး။ ဟိုက်ဒီ ကလွန်းပါ။

ဓာတ်ပုံ ရင်းမြစ်, REUTERS/Daniel Cole
စူပါ မော်ဒယ် ဟိုက်ဒီ ကလွန်းကတော့ Met Gala ကို ဟော်လိုဝင်းအပြင်ဆင်မျိုးတဲ့ တက်ရောက်လာပါတယ်။ ပြတိုက်တွေမှာ မြင်ရတဲ့ ဟော်လိုဝင်းအပြင်အဆင်ကိုမှ ကျောက်ရုပ်ထုပုံစံ အပြင်အဆင်ကလည်း ထူးခြားနေပါတယ်။
ဒါက ... ဘတ် ဘန်နီ လား

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဆိုတော် ဘတ် ဘန်နီ တစ်ယောက်လည်း ဟိုက်ဒီနည်းတူ တမူထူးခြားဖို့ ကြိုးပမ်းခဲ့ပုံရပါတယ်။ အသက် ၃၂ နှစ်အရွယ် အဆိုတော်ဟာ သူ့ကိုယ်သူ အဖိုးကြီးတစ်ဦးလို မိတ်ကပ်ပြင်လာပါတယ်။ ဒါပေမဲ့ လန်းဆန်းတက်ကြွနေတဲ့အဖိုးကြီးပုံတော့ ဖြစ်နေပါတယ်။
လျှောက်လမ်းမှာ ထင်းနေတဲ့ အိန်ဂျလာ ဘာဆက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပန်းရောင်ဝတ်စုံနဲ့ မိန်းကလေး ဆိုတဲ့ ပန်းချီကားထဲကလို ဖန်တီးထားတဲ့ ဝတ်စုံကို ဝတ်ပြီး ဘာဆတ်တစ်ယောက် ပွဲတက်လာပါတယ်။
ဒါဟာ ပန်းချီကားထဲက ဇာတ်ကောင်နေရာကို ခံစားဖို့ ရည်ရွယ်တဲ့ အပြင်အဆင်လို့ သူက ဘီဘီစီကို ပြောပါတယ်။
ပန်းချီစုတ်ချက်အလား ... အမ်မာ ချန်ဘာလိန်ရဲ့ ဝတ်စုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images
လူမှုကွန်ရက် နာမည်ကြီး အမ်မာ ချန်ဘာလိန်ကလည်း အရောင်အသွေးစုံတဲ့ ဝတ်စုံကို ပန်းချီကား တစ်ချပ်အလား ဝတ်ဆင်လာပါတယ်။
တက်ကြွလှုပ်ရှားသူ မော်ဒယ် အရီယာနာ ရို့စ် ဖိလစ် ပထမဆုံး ပွဲတက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဖိလစ်ဟာ Met Gala ကို ဘီးတပ်ကုလားထိုင်နဲ့ပထမဆုံး ပွဲတက်သူလို့ Vogue မဂ္ဂဇင်းက ရေးပါတယ်။
''မသန်စွမ်းသူတွေဟာ နေရာတိုင်းမှာ ကိုယ်စားမပြုနိုင်တာ ကြာပါပြီ'' လို့ ဖိလစ်က Vogue မဂ္ဂဇင်းကို ပြောပါတယ်။
"ဒီလိုပွဲမျိုးကို တက်ဖို့ဆိုတာ တွေးဖို့တောင် မဖြစ်နိုင်ခဲ့ဘူး။ ဘယ်သူမှလည်း မတက်ခဲ့ဖူးဘူး။ ဆိုတော့ အခုလို အချိန်မှာ ကိုယ်တိုင်လည်း ဒီလိုတက်ရောက်နိုင်လာတာကိုကြည့်ရင် ကျေးဇူးတင်လို့ မဆုံးပါဘူး''
တီယာနာ တေလာလည်း တလက်လက် တဖျပ်ဖျပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
တီယာနာ တေလာ ကတော့ အမြိတ်လေးတွေနဲ့ သူ့ ဝတ်စုံကို တလှုပ်လှုပ် သက်ဝင်လှုပ်ရှားပြီး လျှောက်လှမ်းထက် တက်လှမ်းပါတယ်။
မာနစ် မယ်လ်ဟိုထရာရဲ့ ပခုံးထက်က ရုပ်ထုတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နာမည်ကျော် အိန္ဒိယ ဒီဇိုင်နာ မာနစ် မယ်လ်ဟိုထရာတစ်ယောက် ပခုံးထက် ရုပ်ထု ဝတ်စုံတွေ တပ်ထားတဲ့ ဝတ်ရုံကို ဝတ်ပြီး ပွဲတက်ပါတယ်။ မွန်ဘိုင်းမြို့ရဲ့အသွင်သဏ္ဍာန်ကို ပုံဖော်ဖို့ ပညာရှင် အယောက် ၅၀ က နာရီပေါင်း ၉၆၀ ကျော်ကြာအောင် ဖန်တီးခဲ့တာဖြစ်ပါတယ်။
ကာရန် ဂျိုဟာမှာလည်း သူ့ကိုယ်ပိုင်ဇာတ်ကြောင်းနဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘောလိဝုဒ် ဒါရိုက်တာဟာ သူ့မိတ်တွေ မာနစ် မယ်လ်ဟိုထရာ ဖန်တီးပေးတဲ့ ဒီဇိုင်းနဲ့ပွဲတက်ပါတယ်။
အသေးစိတ် ပန်းထိုးထားတဲ့ပန်းချီဆွဲဝတ်ရုံကို သူ ဝတ်ပါတယ်။ အိန္ဒိယ ဒဏ္ဍာရီလာ ဇာတ်ကောင်တွေရဲ့ပုံကို ပန်းချီရေးထားတာလို့ ဆိုပါတယ်။
ဂျိုဟာကတော့ ဖက်ရှင်ဟာ သူ့ရုပ်ရှင်တွေမှာ အကြီးမားဆုံးအပိုင်းကနေ ပါဝင်တယ်လို့ ပြောပါတယ်။
ကျောအလှနဲ့ ကာရာ ဒယ်လယ်ဗင်နီး ဝတ်စုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကာရာ ဒယ်လယ်ဗင်နီး ဝတ်စုံကို ကြည့်ရင် ရှေ့ကတော့ ရိုးရိုးရှင်းရှင်းဖြစ်ပါတယ်။ ဒါပေမဲ့ သူကျောလှည့်လိုက်တဲ့အချိန်မှာ ဝတ်စုံအသေးစိတ် ခြယ်မှုန်းမှုက ပွဲ လှေကားထစ်တွေထက် ရှင်းရှင်းလင်းလင်းမြင်ရပါတယ်။
ချေ့စ် ဆွေ ဝမ်းဒါးစ်ရဲ့ လာဗင်ဒါရောင် နွဲ့နွဲ့ပျောင်းပျောင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
သရုပ်ဆောင် မင်းသမီး ချေ့စ် ဆွေ ဝမ်းဒါးကတော့ လာဗင်ဒါရောင် ဖျော့ဖျော့ဝတ်စုံကို စိန်တွေနဲ့အတူ ဝတ်ဆင်လာပါတယ်။
Charlie XCX က အနက်ရောင် ဝတ်စုံဝတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
တကယ်တော့ ပွဲအတွက် အစိမ်းဘက်နွယ်တဲ့ ဝတ်စုံတွေကို ဝတ်ဆင်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ Charlie XCX ကတော့ ရှေ့မှာ ပန်းပွင့်ပါတဲ့ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ပါတယ်။
Doja Cat က ဆန်းသစ်လာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
Doja Cat ကတော့ ပုံမှန် သမားရိုးကျ ဝတ်စုံကို ပိုးဖဲနဲ့ ဆီလီကွန်တို့နဲ့အတူ တွဲစပ် ၀တ်ဆင်လာပါတယ်။
နာအိုမီ အိုဆာကာရဲ့ဆန်းသစ်မှု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, REUTERS/Daniel Cole
တင်းနစ် ဂရမ်း ဆလမ်း ချန်ပီယံ နာအိုမီ အိုဆာကာကတော့ တစ်စုံတစ်ထည် အလှနှစ်မိုးကို သယ်လာခဲ့သူလို့ ဆိုနိုင်ပါတယ်။ အပေါ်ယံ အဖြူရောင် ကုတ်ဝတ်စုံကို ချွတ်လိုက်တဲ့အခါမှာ အနီရောင် ဝတ်စုံ တစ်ခု ထွက်ပေါ်လာပါတယ်။
ကိတ်တီ ပယ်ရီရဲ့ ရောင်ပြန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပုံထဲကလူ ဘယ်သူလဲဆိုတာ သိချင်ရင်တော့ သူက ကိတ်တီ ပယ်ရီပါ။ ကျောစိမ့်စရာ မျက်နှာဖုံးကို စွပ်ခဲ့ပေမဲ့ ပယ်ရီတစ်ယောက် နောက်ပိုင်းမှာ ဖယ်ရှားခဲ့ပါတယ်။
ကွန်နာ စတိုရီရဲ့ ကြွကြွရွရွ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အွန်လိုင်း ရုပ်သံဝန်ဆောင်မှု နက်ဖလစ်မှာ ပြသလို့ နာမည်ကြီးခဲ့တဲ့ Heated Rivalry ဇာတ်လမ်းတွဲ သရုပ်ဆောင် တစ်ယောက်ဖြစ်သူ ကွန်နာ စတိုရီကလည်း အမျိုးသားဝတ်ကို ပုံဆန်းဆန်းထွင်ပါတယ်။
ဟတ်ဆန် ဝီလီယံစ်ရဲ့ ရဲရဲတင်းတင်း မိတ်ကပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
စတိုရီရဲ့ ပူးတွဲသရုပ်ဆောင်ဖက် ဟတ်ဆန် ဝီလီယံစ်ကနော့ မိတ်ကပ်ကို အပြင်ဆန်းလာပါတယ်။ ''Black Swan'' ရုပ်ရှင်ထဲကို မှီးပြီး ပြင်ခဲ့တာလို့ ဆိုပါတယ်။
လီဆာရဲ့ လက်ကလေးတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကေပေါ့ပ် အမျိုးသမီးအဆိုရှင်အဖွဲ့ Blackpink အဖွဲ့ဝင်ဖြစ်တဲ့ လီဆာကတော့ အဖြူရောင် ဝတ်စုံကို ခေါင်းထပ်မှာ အရုပ်လက်တုတွေ ဆင်ပြီး ပွဲတက်ပါတယ်။
Rosé ရဲ့ ဝတ်စုံ အပေါ် အလှဆင်မှု

ဓာတ်ပုံ ရင်းမြစ်, Getty Images
Blackpink အဖွဲ့ ဝင် နောက်တစ်ဦးဖြစ်တဲ့ Rosé လည်း ဝတ်စုံအပေါ် စင်ရော်ငယ်ပုံကို အမွှန်းတင်ပြီး အလှဆင် ပွဲတက်ပါတယ်။
၀တ်စုံမှာ အိတ်ကပ်ထည့်ဖို့ မမေ့တဲ့ ဇိုဝီ ခရာဗစ်ဇ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဇိုဝီ ခရာဗစ်ဇ် တစ်ယောက် အနက်ရောင် ဇာအင်္ကျီကို ဝတ်ဆင်ပြီး ပွဲတက်ပါတယ်။ ဇိုဝီတစ်ယောက် ဗြိတိိသျှ အဆိုတော် ဟယ်လီ စတိုင်လ်နဲ့ စေ့စပ်ထားတယ်ဆိုတဲ့သတင်းတွေ ထွက်နေချိန်မှာပဲ ပွဲတက်လာတာဖြစ်ပါတယ်။
ဟောလိ၀ုဒ်ရဲ့လင်းလက်မှုကို ယူလာတဲ့ ဆဘရီနာ ကာပင်တာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပေါ့ပ်အဆိုတော် ဆဘရီနာ ကာပင်တာတစ်ယောက် ဟော်လိဝုဒ်က လင်းလက်တောက်ပမှုကို Met Gala ကို ဆောင်ကျဉ်းလာပါတယ်။
ဒီဝတ်စုံဟာ ဘယ်ရုပ်ရှင်က ဝတ်စုံဖြစ်တယ်လို့ သူ့ကို ဘီဘီစီက မေးတဲ့အခါမှာတော့ သူက ''Sabrina'' လို့ ပြန် ပြောပါတယ်။ သူဆိုလိုတာ ၁၉၅၄ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ဂန္ဓဝင်ရုပ်သံကို ရည်ညွှန်းပြောဆိုသွားပုံရပါတယ်။
ဆမ် စမစ်သ်ရဲ့ ခေါင်းပေါ်က အဆင်တန်ဆာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဆိုတော် ဆမ် စမစ်တစ်ယောက် ကျက်သရေရှိတဲ့ဝတ်ရုံနဲ့ ပွဲကို ရောက်လာပါတယ်။ သူ့ခေါင်းထက်မှာတော့ ငှက်မွှေးအဆင်တန်ဆာက အများအာရုံဖမ်းစားနိုင်အောင် မြင့်မြင့်မားမားရှိနေပါတယ်။
Hunter Schafer ရဲ့ ရွှင်ရွှင်လန်းလန်း ဝတ်စုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နာမည်ကြီး The Euphoria ရုပ်သံဇာတ်လမ်းတွဲ သရုပ်ဆောင် မင်းသမီးဟာ ၁၉၁၂ ပန်းချီ Mäda Primavesi ထဲက အသွင်ကို ယူဆောင်ခဲ့တဲ့ဝတ်စုံ ဖြစ်ပါတယ်။
လှုပ်လီလှုပ်လဲ့ Stevie Nicks

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန် ရော့ခ်တေးဂီတ အဆိုတော် စတီဗီ နစ်ခ်ကတော့ Met Gala ပွဲကို အနက်ရောင် ဝတ်ရုံပွကို ဦးထုပ်နဲ့အတူ ဆင်မြန်းပြီး တက်ရောက်ပါတယ်။
Cher လည်း ယုံပါတဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ထပ် ဂန္ထဝင်အဆိုတော် Cher ကလည်း အနက်ရောင် ဝတ်စုံဝတ်ပြီး သူ့သီချင်း Believe (ယုံပါ) ထဲကလို အသက် ၈၀ နားကပ်ပေမဲ့ လတ်ဆတ်လန်းဆန်းမှုရှိနေဆဲဆိုတာကို ပြသနေပါတယ်။
Met Gala ကို ရွက်လွှင့်လာတဲ့ မက်ဒေါနား

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဆိုတော် မက်ဒေါနားကတော့ သင်္ဘောရှည်ကြီးပုံစံ ဝတ်စုံနဲ့ ပွဲကို ရွက်လွှင့်လာပါတယ်။
စူပါဟီးရိုး သရုပ်သကန်နဲ့ Kim Kardashian

ဓာတ်ပုံ ရင်းမြစ်, Getty Images
Kylie Jenner ရဲ့ ဝတ်စုံအကျ

ဓာတ်ပုံ ရင်းမြစ်, Getty Images
Kendall Jenner ကလည်း အစ်မဖြစ်သူရဲ့ဝတ်စုံကို ထင်ဟပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
Sarah Paulson နဲ့ သူ့ရဲ့ ဒေါ်လာ မျက်နှာဖုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
သရုပ်ဆောင် မင်းသမီး ဆာရာ ပေါ်လ်ဆန်တစ်ယောက် အညိုရောင် ဝတ်စုံကို ဝတ်ဆင်ပြီး မျက်နှာမှာ ဒေါ်လာမျက်နှာဖုံးကပ်လို့ ပွဲတက်ပါတယ်။
ဒါက ဘာကို ရည်ညွှန်းချင်တာလဲလို့ ဘီဘီစီက သူ့ကို မေးတော့ '' ၁ ရာခိုင်နှုန်း'' ကိုပဲ ရည်ညွှန်းတာလို့ ပြန်ပြောပါတယ်။












