မြို့ကြီးတွေမှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံရမှုတွေ ဆက်တိုက်ဖြစ်နေ
မြို့ကြီးတွေမှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံရမှုတွေ ဆက်တိုက်ဖြစ်နေ
ရေးသားခဲ့သည်။
ဒီရက်ပိုင်း ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ စစ်မှုထမ်းအတွက် ဖမ်းဆီးခံရမှုတွေ ဆက်တိုက်ဖြစ်နေတယ်လို့ ဖမ်းဆီးခံရသူတွေကို ကူညီပေးနေသူတွေနဲ့ ဒီအကြောင်းသိသူတွေက ပြောပါတယ်။ မန္တလေးမှာဆိုရင် အရပ်ဝတ်နဲ့လူတစ်စုက စစ်မှုထမ်းအတွက်ဆိုပြီး နေ့တိုင်းနီးပါး ဖမ်းဆီးတာတွေလုပ်နေပြီး အခြေအနေပိုဆိုးလာနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒီအပေါ် ပြည်သူတွေအကြား စိုးရိမ်မှုတွေရှိနေပြီး ပိုက်ဆံရှိ သားသမီးတွေနဲ့ ထင်ပေါ် ကျော်ကြားသူတွေရဲ့ သားသမီးတွေ စစ်သင်တန်းမှာ မပါတဲ့အပေါ်လည်း ဝေဖန်မှုတွေရှိနေပါတယ်။ အပြည့်အစုံကို မသူဇာလင်းက ပြောပြမှာပါ။



