BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
နေပြည်တော်ကိုဦးတည်တဲ့ပဲခူးအရှေ့ PDF စစ်ရှိန်နဲ့ ရိုးမအနောက်က စစ်တပ်စီးနင်းမှု
နေပြည်တော်နဲ့မိုင် ၄၀ ခန့်အကွာ ပဲခူးအရှေ့ခြမ်းမှာ PDF ပူးပေါင်းအဖွဲ့တွေက စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းယူချိန်မှာပဲ ရိုးမအနောက်ခြမ်းမှာတော့ စစ်တပ်က ဖြန့်ကြက်စစ်ကြောင်းထိုးနေလို့ ဒေသခံသောင်းချီ စစ်ဘေးရှောင်နေရပါတယ်။
အားပြင်းငလျင်ကြောင့် ဖိလစ်ပိုင်မှာ သေဆုံးသူ ၃၂ ဦးအထိမြင့်တက်
အားပြင်းငလျင်ကြောင့် ဖိလစ်ပိုင်မှာ အဆောက်အအုံတွေပြိုကျ၊ ဆူနာမီဘေးရှောင်ရန်သတိပေးတဲ့သတင်းအပါအဝင် ဇွန် ၈ ရက် နိုင်ငံတကာနဲ့ ပြည်တွင်းထူးခြားသတင်းများကိုတိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
မြန်မာနဲ့ မိတ်ဖက် ဖြစ်ရေးဆိုတာ အိန္ဒိယ အတွက် ဘယ်လောက် အရေးကြီးလဲ
ဗဟိုအစိုးရနဲ့ ဆက်ဆံရေးဆိုတဲ့ ပင်မ နိုင်ငံခြားရေးမူနဲ့ အတူ နှစ်လမ်းပြိုင် ဆက်ဆံရေး dual-track မူကိုပါ အိန္ဒိယ ကျင့်သုံးလာခဲ့
အချိန်ကပ်မှရတဲ့ဗီဇာ၊ လေ့ကျင့်ကွင်းရွှေ့ပြောင်းရမှုနဲ့ အီရန်အသင်းရဲ့ကမ္ဘာ့ဖလားခရီး
အီရန်ရဲ့ အုပ်စုပွဲတွေအားလုံး အမေရိကန်နိုင်ငံထဲက ကွင်းတွေမှာ ကစားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲနေ့မှာပဲ လာပြီး ပွဲပြီးပြီးချင်း နေ့ချင်းပြန်ရမယ်လို့ အမေရိကန်အာဏာပိုင်တွေက ပြောထားပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလား - ၄၈ သင်းရဲ့အပြီးသတ် လူစာရင်း
အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့မှာ ယှဥ်ပြိုင်ကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလားဝင်ပြိုင်မယ့် အသင်းတွေရဲ့ အပြီးသတ် လူစာရင်းတွေမှာ ဘယ်သူတွေ ပါပြီး ဘယ်သူတွေ ကျန်ခဲ့လဲ။
အမျိုးသားလုံခြုံရေးဗျူရို ဘာလဲ၊ ဘယ်လဲ
စစ်ဘက်အရပ်ဘက်နှစ်ခုလုံးမှာရှိတဲ့ ထောက်လှမ်းရေးယန္တရားတွေကို စုစည်းထားတဲ့ အမျိုးသားလုံခြုံရေးအဖွဲ့ (National Security Bureau- NSB) ကို အသွင်ပြောင်းအစိုးရလက်ထက်မှာ ပြန်ဖွဲ့လိုက်ပြီး ဦးမင်းအောင်လှိုင် ဥက္ကဋ္ဌ အဖြစ် ဦးဆောင်လာပါတယ်။
သမုဒ္ဒရာတွေ ပိုမည်းနက်လာတာကို လူသားတွေစိုးရိမ်သင့်ပြီလား
သမုဒ္ဒရာတွေရဲ့ ငါးပုံတစ်ပုံက လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း ပိုပြီး မည်းနက်လာပါတယ်။ ဘာကြောင့်လဲ။ ဒါက ကမ္ဘာကြီးအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိလာနိုင်သလဲ။
ဖင်လန်မှာ အဖမ်းခံရတဲ့ မြန်မာပညာရေး အေးဂျင့်ဖြစ်စဉ်နောက်ကွယ်
သားသမီးတွေကို ပညာတတ်ဖြစ်စေချင်တဲ့ မိဘတွေရဲ့ ဆန္ဒ၊ စီးပွားရေးကြပ်တည်းမှုကြောင့် ရုန်းကန်နေရတဲ့ မိဘတွေကို ကူညီလိုတဲ့ သားသမီးတွေရဲ့ ဆန္ဒကို ပညာရေးအေးဂျင့်တွေက ကျွမ်းကျင်စွာသိရှိခဲ့ကြပါတယ်။ ဒါကပဲ မြန်မာကျောင်းသားနဲ့ မိဘတွေဟာ ပညာရေးအေးဂျင့်တွေရဲ့ သားကောင်တွေဖြစ်လာပြီး ငွေကြေးခေါင်းပုံဖြတ်မှုတွေကို ဦးတည်စေပါတယ်။
ကမ္ဘာ့ဖလားလက်မှတ်စျေးကြီးလွန်းတယ် - လက်မှတ်စျေး ၅ ဆ တက်လာတာကို ဘောလုံးပရိသတ်တွေဘယ်လိုကြုံရလဲ
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် လက်မှတ်မဲစနစ်ရောင်းချတာ ဇန်နဝါရီလကတည်းက ပြီးခဲ့ပါပြီ။ ကွင်း၀င်ခွင့်လက်မှတ်စျေးကြီးလွန်းတာကို ပရိသတ်တွေက ဝေဖန်နေကြတယ်ဆိုပေမဲ့ လက်မှတ်လျှောက်လွာ သန်း ၅၀၀ လောက်ရှိတယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက ပြောပါတယ်။
အသေခံဒရုန်း - စစ်တပ်က တကျော့ပြန်သုံးလာတဲ့ ကာမီကာဇေ
မေလကုန်နဲ့ ဇွန်လဆန်းထဲ စစ်ရေးတင်းမာတဲ့ ကချင်၊ ချင်း၊ ကရင်၊ မကွေးက စစ်မျက်နှာပြင်တွေမှာ သာမက ပဲခူး၊ စစ်ကိုင်းလို တော်လှန်ရေးတပ်တွေလှုပ်ရှားတဲ့နေရာတွေမှာပါ အသေခံဒရုန်းကို စစ်တပ်က သုံးလာတယ်လို့ စစ်ရေးစောင့်ကြည့်သူတွေဆီကရော PDF တွေဆီကပါ သိရပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့အိန္ဒိယခရီး- နယ်စပ်၊ ဆိုင်းငံ့စီမံကိန်းကြီးတွေနဲ့ တရုတ်ဟန်ချက်ကိုထိန်းခြင်း
ဦးမင်းအောင်လှိုင်ဟာ နေပြည်တော်မှာ သမ္မတ ရာထူးယူပြီး ပထမဆုံးပြည်ပခရီးအဖြစ် အိန္ဒိယကို သွားပါတယ်။ သူ့ခရီးစဉ်ဟာ မြန်မာမှာ AA က တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ထားတဲ့ကုလားတန် စီမံကိန်း၊ PDF နယ်ကိုဖြတ်ဖောက်တဲ့ အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမစီမံကိန်း၊ နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေအရေးတို့ အရိပ်ထိုးပါတယ်။ ဒီခရီးအကြောင်း ဝါရင့်အိန္ဒိယသတင်းစာဆရာ ရာဂျိဗ် ဘတ်တာချာရီယာကို ဘီဘီစီ ဆက်သွယ်မေးမြန်းထားပါတယ်။
အသက် ၄၄ နှစ်မှာ ကွင်းထဲခြေပြန်ချမယ့်တင်းနစ်ဘုရင်မ
ဆီရီနာ ဝီလီယံစ်ဟာ ၄ နှစ်အတွင်း ပထမဆုံးအကြိမ်အနေနဲ့ တင်းနစ်လောကထဲ ပြန်ဝင်လာဖို့ရှိပြီး ကွင်းစ်ကလပ်ရဲ့အမျိုးသမီး နှစ်ဦး ပူးတွဲကစားတဲ့ပွဲစဉ်မှာ ပထမဆုံး ပြန်ကစားမှာဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ
၂၀၂၆ ကမ္ဘာ့ဖလားအကြောင်း သိထားသင့်တဲ့အချက်တွေ
၂၀၂၆ ကမ္ဘာ့ဖလား ဟာ သက်တမ်းတစ်လျှောက် အထူးခြားဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်သလို သိသင့်တဲ့ထူးခြားချက်တွေလည်းရှိနေပါတယ်။
အင်္ဂလန် ဒုကပ္ပတိန်ရိုက်စ်၊ ဒေရွှမ့်ရဲ့နောက်ဆုံး ကမ္ဘာ့ဖလားနဲ့ အက်ဒါဆင်ပါလာတဲ့ ဘရာဇီး
ကမ္ဘာ့ဖလားဘောလုံးပွဲကြီး စဖို့ရက်ပိုင်းပဲလိုပါတော့တယ်။ ပြိုင်ပွဲဝင်အသင်းတွေ၊ ကစားသမားတွေနဲ့ ပတ်သက်ပြီးနောက်ဆုံး သိရတဲ့သတင်းတိုတွေကို စုစည်းပြောပြသွားမှာပါ။
ကမ္ဘာ့ဖလား အကောင်းဆုံးဝတ်စုံများနဲ့ အထင်ကရ အချက်များ
ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး အင်္ကျီတွေက ဘာတွေလဲ၊ အဲဒီအင်္ကျီတွေကို ထင်ရှားကျော်ကြားစေတဲ့ အချက်တွေက ဘာလဲ။
ဖီဖာဟာ ကစားသမားတွေကို အပူဒဏ်အန္တရာယ်က လုံလောက်တဲ့ကာကွယ်မှုမပေး - သိပ္ပံပညာရှင်များ
၂၀၂၆ အမျိုးသား ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ အပူချိန် အခြေအနေနဲ့ပတ်သက်ပြီး ကစားသမားတွေ ဘေးကင်းရေးအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က လုပ်ဆောင်ထားတဲ့ အစီအမံတွေဟာ မလုံလောက်ဘဲ ကစားသမားတွေ ထိခိုက်နိုင်တယ်လို့ ကမ္ဘာ့ဦးဆောင် သိပ္ပံပညာရှင်တွေက ပြောလာပါတယ်။
ဗီဒီယို, ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ထူးခြားချက်များ, ကြာမြင့်ချိန် 1,54
ပြိုင်ပွဲဝင်အသင်းတွေလည်း ပိုများလာပါတယ်။
ဗီဒီယို, ကမ္ဘာ့ဖလားပြိုင်မယ့် အင်္ဂလန် ဘယ်မှာ လေ့ကျင့်မလဲ, ကြာမြင့်ချိန် 2,24
ဇွန်လ ၁၁ ရက်နေ့မှာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ စတင်မှာ ဖြစ်ပါတယ်။
အမျိုးသမီးအခွင့်အရေးတိုက်ပွဲအတွက် သူရဲကောင်းသစ် ဘောလုံးသမားတွေ
ဒီကမ္ဘာ့ဖလားပွဲကို လူပေါင်း ၂ ဘီလျံက ကြည့်ရှုကြတာကို အလေးဂရုထားပြီး ကမ္ဘာ တလွှားမှာ အခွင့်အရေးတွေအတွက် တိုက်ပွဲဝင် နေကြတဲ့ အမျိုးသမီးတွေအပေါ် ထိခိုက် သက်ရောက်နေတဲ့ အရေးကိစ္စတွေကို ဘောလုံးသမားတွေက မီးမောင်းထိုးပြ ခဲ့ကြပါတယ်။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်
အထူးစာမျက်နှာ
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
စစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ ဆရာဝန်တွေ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်ကစလို့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးလက်ထက်အထိ တပ်ချုပ်တွေဟာ သူတို့ ယုံကြည်စိတ်ချရသူတွေကိုပဲ ဆရာဝန်အဖြစ်ထားလေ့ရှိပြီး စစ်တပ်ရဲ့ ဆေးလောကမှာ အမြင့်ဆုံးရာထူးဖြစ်တဲ့ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးနေရာကိုပါ ချီးမြှင့်လေ့ရှိကြပါတယ်။
နေပြည်တော်ကို တရုတ်၊ အိန္ဒိယနဲ့ ထိုင်းတို့ ဘာကြောင့် ဆက်ဆံလာသလဲ
မြန်မာမှာအာဏာသိမ်းပြီးနောက် နိုင်ငံတကာက သံတမန်ရေးရာဖယ်ချန်ဆက်ဆံတဲ့ပုံစံကိုကျင့်သုံးနေပေမယ့် စစ်တပ်အသွင်ပြောင်း အစိုးရတက်လာချိန်မှာ ထိုင်း၊တရုတ်နဲ့ အိန္ဒိယ မြန်မာ့အိမ်နီးချင်းသုံးနိုင်ငံရဲ့ နေပြည်တော်နဲ့ထိတွေ့ဆက်ဆံမှုဟာ နိုင်ငံရေးအကဲခတ်တွေအတွက် အာရုံစိုက်စရာဖြစ်လာပါတယ်။
ရန်ကုန်နဲ့ ငလျင်အန္တရာယ်
ရန်ကုန်မြို့ နဲ့ ၁၅ ကီလိုမီတာ အကွာမှာ အသက်ဝင်ရက်သား ရှိနေတဲ့ စစ်ကိုင်းပြတ်ရွေ့ငလျင်ကြောကနေ အင်အားပြင်းငလျင် အချိန်မရွေး ထပ်လှုပ်နိုင်ခြေရှိတာကြောင့် ရန်ကုန်အနေနဲ့ ငလျင်ဒဏ်အတွက် ကြိုပြင်ဆင်သင့်ပြီလို့ ငလျင်ပညာရှင်တွေက သတိပေးထားပါတယ်။
OWIC၊ တရစ်ရစ်ကျပ်တဲ့ပြည်ပထွက်ခွင့်နဲ့ ပြည်တွင်းမှာသောင်တင်နေသူတွေ
ရာနဲ့ချီတဲ့ပြည်တွင်းရောက် ခွင့်ပြန်အလုပ်သမားတွေဟာ OWIC ကတ်အပါအဝင် အလုပ်သမားဝန်ကြီးဌာနရဲ့ကန့်သတ်ချက်တွေကြောင့် ပြည်တွင်းမှာ သောင်တင်နေပြီး အလုပ်အကိုင် ဆုံးရှုံးနိုင်ခြေဆိုက်နေပါတယ်။
စက်ရုပ်ခြေထောက်ဖန်တီးတဲ့ ထိုင်းရောက်မြန်မာလူငယ်တွေ
"ဒီပရောဂျက်က လေကြောင်းဗုံးကြဲလို့ ဖြစ်လာတာ။ ဒါပေမဲ့ ခြေတုအတွက်က ဆေးပညာပိုင်း အသိပညာလိုတယ်။ ဒါကြောင့် စပွန်ဆာပေးတဲ့ ကုမ္ပဏီနဲ့တိုင်ပင်ပြီးတော့ Humanoid Robot leg (လူပုံစံတူစက်ရုပ်ခြေထောက်) လုပ်ဖို့ ဖြစ်သွားတယ်" လို့ ကိုပြည့်ထူးခန့်က ဆိုပါတယ်။


































































